ကျိုးကြောင်းဆီလျော်စွာ စဉ်းစားတွေးခေါ်ခြင်း သို့မဟုတ် ယနေ့ခေတ်၏ ဒေဝေါများကိုလေ့လာခြင်း

လူသားတွေမရောက်ဖူးတဲ့ နေရာတွေကို ရှေးလူကြီးတွေက ဒဏ္ဏာရီလာ မကောင်းဆိုးဝါးတွေ၊ သတ္တဝါတွေ ရှိတယ်လို့ အစဉ်အဆက်ပြောခဲ့ကြပါတယ်။ ဒီလိုပဲ ရှေးတုန်းကအသိပညာ အတတ်ပညာ မလုံလောက်ခဲ့လို့ ဘာကြောင့်ဖြစ်တယ်လို့ ဂဃနဏ မသိရတဲ့ သဘာဝဖြစ်ရပ်တွေကိုလည်း ရှေးလူကြီးတွေက ဒဏ္ဏာရီလာ မကောင်းဆိုးဝါးတွေကလုပ်တယ်လို့ အလွယ်သတ်မှတ်ခဲ့ပါတယ်။ မြေပုံပေါ်က လူမရောက်ဖူးတဲ့နေရာတွေမှာ နဂါးတွေရှိတယ်လို့ သမုတ်ကြသလို မိုးခြိမ်းတာကိုလည်း ဒေဝေါလာလို့အသံပေးတာဆိုပြီး အယုံလွယ်တဲ့ ကလေးတွေကို ပြောခဲ့ကြပါတယ်။ မသိဘူးဆိုတာကို […]

Advertisements
Read Article →

ဆင်ခြင်တုံတရားနဲ့ သိပ္ပံပညာ

ဆင်ခြင်တုံတရားဟာ သိပ္ပံပညာရပ်ဆိုင်ရာ သုသေတနတွေအတွက် အလွန်အရေးပါ ပါတယ်။ ဆင်ခြင်တုံတရားဟာ သိပ္ပံပညာနဲ့ အခြားသော ယုံကြည်မှုများ၊ ကိုးကွယ်ရာဘာသာတရားတွေနဲ့ အတုအယောင် သိပ္ပံ (pseudoscience) တွေကို ကွာခြားစေတဲ့ အချက်လည်းဖြစ်ပါတယ်။  သိပ္ပံသုသေတနတစ်ခုလုပ်တဲ့အခါမှာ ၄င်းသုတေသနတစ်ခုလုံးရဲ့ အခြေခံအဖြစ်  ခြုံငုံဆင်ခြင်နည်း(inductive reaso ning) နဲ့ ထုတ်ယူဆင်ခြင်နည်း (deductive reasoning) တို့ကို အဓိက အသုံးပြုရပါတယ်။ ခြုံငုံဆင်ခြင်နည်း […]

Read Article →

၃၀၀၀၀ ဘီစီမှ ကလေးတစ်ယောက်၏ ဒိုင်ယာရီ

ကျွန်တော်ငယ်ငယ်တုန်းက သိတတ်စအရွယ်မှာ ကိုယ်ဘယ်မှာနေနေတယ်ဆိုတာဟာ ကျွန်တော်အသိချင်ဆုံးထဲက တစ်ခုပဲ။ အဲ့ဒါနဲ့ ကျွန်တော်ဟာ ကျွန်တော့်အဖေကို သွားမေးခဲ့တယ်။ အဲ့တော့ အဖေကပြောတယ်။ မန္တလေးမြို့တဲ့။ အဲ့ဒါတော့ ကျွန်တော်သိတာပေါ့။ အဲ့ဒီ မန္တလေးမြို့ကကော ဘယ်မှာရှိတာလဲ။ မြန်မာနိုင်ငံတဲ့။ အဲ့ဒီမြန်မာနိုင်ငံကကော ဘယ်မှာရှိတာလဲလို့ ထပ်မေးရတယ်။ အဲ့တော့ အဖေက ကမ္ဘာ့မြေပုံဝယ်ပေးတယ်။ အော်…. အဲ့ဒီကမ္ဘာကြီးကကော ဘယ်မှာရှိနေသလဲလို့ ထပ်စဉ်းစားကြည့်တယ်။ ကျွန်တော်စဉ်းစားလို့မရတော့ဘူး။ အဖေ့ကိုမေးတော့ […]

Read Article →

ဘာမြူဒါ တြိဂံဆိုသည်မှာ လူပြောများသော ကောလဟလ တစ်ခုသာဖြစ်သည်။

ဘာမြူဒါတြိဂံဆိုတာကို အားလုံးပဲကြားဖူးကြပါတယ်။ သူနဲ့ပတ်သတ်တဲ့ ပုံပြင်တွေ၊ ဆောင်းပါးတွေ၊ ရုပ်ရှင်တွေဆိုတာလဲ မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း ဒုနဲ့ဒေးပါပဲ။ သူ့ရဲ့ ဧရိယာကတော့ အမေရိကန်နိုင်ငံ မီယာမီမြို့၊ အတ္တလန်းတစ်သမုဒ္ဒရာထဲက ဘာမြူဒါကျွန်နဲ့၊ ဘရာဇီးက ပေါ်တာရီကို တို့ကို ထောင့်သုံးထောင့်မှာထားထားပြီး တြိဂံပုံသဏ္ဍာန်မှာရှိပါတယ်။ အကျယ်အဝန်းဖြင့်တော့ ၅၀၀,၀၀၀ စတုရန်းမိုင်ကျယ်ပါတယ်။ အချို့ကလဲ ၁,၅၁၀,၀၀၀ စတုရန်းမိုင်ထိကျယ်တယ်လို့ ဖော်ပြကြပါသေးတယ်။ ကျွန်တော်တို့ဟာ သူနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေကို […]

Read Article →

ရပ်ဆဲလ်ရဲ့ ရေနွေးကရား

“ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်ကြားမှာ တရုတ်ရေနွေးကရားတစ်လုံးဟာ နေကို ဘဲဥပုံစက်ဝန်းနဲ့ ပတ်နေတယ်။ အဲ့ဒီ ရေနွေးကရားဟာ အရမ်းသေးလွန်းတော့ ဘယ်လိုအားကောင်းတဲ့ မှန်ပြောင်းနဲ့ကြည့်ကြည့်မမြင်ရဘူး ဆိုကြပါစို့။ ကျွန်တော်အဲ့ဒီလို လျှောက်ပြောမယ်ဆိုရင် ကျွန်တော့်အဆိုကို မချေဖျက်နိုင်ပေမယ့် အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတယ်လို့ လူတွေက သတ်မှတ်ကြမှာပေါ့။ ဒါပေမယ့် ဒီအဆိုဟာ ဟိုးရှေးခေတ်ကတည်းက အစဉ်အလာအရ လက်ဆင့်ကမ်းလာတာမျိုးဖြစ်ရင်တော့ လူတွေယုံကြည်ကြလိမ့်မယ်။” – ဘာထရန်ရပ်ဆဲလ် (Bertrand Russell) […]

Read Article →

သိပ္ပံပညာရှင်ကြီးဖြစ်ချင်တယ်

ကားလ်စေဂန်ဟာ နေအဖွဲ့အစည်းအပြင်ဘက်ကို ပထမဆုံး မောင်းနှင်တဲ့ Voyager 1 ရဲ့ စီစဉ်သူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ Voyager 1 ယာဉ်ဟာ စေတန်ဂြိုဟ်နားကို အရောက်မှာ ကားလ်စေဂန် က အကြံညဏ်တစ်ခုရခဲ့ပါတယ်။ နောက်ဆုံးအကြိမ်အနေနဲ့ မိမိရဲ့ အိမ်ကို ပြန်ကြည့်စေဖို့ပါပဲ။ ဒါ့ကြောင့် ကမ္ဘာပေါ်က ထိန်းချုပ်စခန်းကနေပြီးတော့ Voyager 1 ရဲ့ ကင်မရာလေးကို အနောက်ပြန်လှည့်ပြီး ကမ္ဘာမြေကြီးကို […]

Read Article →

အိမ်မှ အဝေးဆုံးနေရာတွင် ရှိနေသူ အာကာသသူရဲ ဘရုပ်စ် မက်ကန်ဒလပ်စ်(Bruce MacCandless II)

မှောင်မဲနေတဲ့ ဟင်းလင်းပြင်ထဲမှာ တွဲလောင်းလေး။ တစ်ယောက်တည်း။ ဘာကိုကြောက်ရမှာလဲ။ ဘာကိုလွမ်းရမှာလဲ။ ဘာကို မျှော်လင့်ရမှာလဲ။ အိမ်ပြန်ချိန်ကိုမျှော်ရမှာလား။ ကျွန်တော့်မိန်းမနဲ့ ကလေးတွေကိုလွမ်းရမှာလား။ ရုတ်တရက် ဥက္ကာခဲတစ်ခုကျွန်တော့်ကို ဝင်တိုက်သွားမှာကို ကြောက်ရမှာလား။ ဒါမှမဟုတ် ကျွန်တော့်ရှေ့ကသေသွားကြသူ အာကာသသူရဲတို့ရဲ့ ၀ိညာဉ်တွေနဲ့ တွေ့ရင်ကော.. ကျွန်တော် ခင်ဗျားတို့ သရဲကိုကြောက်ရသလိုသူတို့ကို ကြောက်ရမှာလား။ ဒါမှမဟုတ် ကျွန်တော့်ရဲ့ အထီးကျန်မှုတွေကို ဖြေဖြောက်ဖို့ သူတို့ကို ဝမ်းသာအားရနှုတ်ဆက်ရမှာလား။ […]

Read Article →