အမှောင်ထုအပြည့်နှင့် နှစ်ကာလတစ်ခု

ခုနှစ်က အေဒီ ၅၃၆။ အီတလီတောင်ပိုင်းမှာ ပြည်တွင်းမငြိမ်သက်မှုတွေဖြစ်တယ်။ အရှေ့အလယ်ပိုင်းဒေသမှာ အာဏာလုမှုတွေက လှုပ်လှုပ်လှုပ်လှုပ်။ ရောမက ဗန်ဒယ် ဘုရင် နန်းကျတယ်။ ကံဆိုးမိုးမှောင်ကျမှုတွေက ဥရောပမှာတင်ပဲလား။ မဟုတ်ပါဘူး။ အမေရိကတိုက်က နာမည်ကြီး တီဟိုတီဟွာကမ် မြို့တော်ကြီးပျက်သုဉ်းတယ်။ လိုပန်ဂို မီးတောင်ပေါက်ကွဲမှုကြောင့် လူသိန်းချီ သေကြေပျက်စီးခဲ့တယ်။ အာရှမှာလဲ ထို့အတူပဲ။ နှစ်ပေါင်း ထောင်ချီနီးပါးအုပ်စိုးခဲ့တဲ့ ဝေ မင်းဆက်အဆုံးသတ်တယ်။ ပြည်တွင်းစစ်တွေကြောင့် […]

Advertisements
Read Article →

ထူးခြား၍ လူတို့တွင်လက်တလောဖြစ်ပျက်သွားသော မျိုးဆင့်ပြောင်းလဲနေမှု ၇ ခု

မျိုးဆင့်ပြောင်းလဲခြင်း(Evolution) ဆိုသော အခြင်းအရာမှာ ကျွန်တော်တို့အတွက် မစိမ်းသော အရာဖြစ်သည်။ မုတ်ဆိတ်မွှေးအရှည်ကြီးနဲ့ လူအိုကြီးတစ်ယောက်၏ ဖြူမဲဓာတ်ပုံအား ကျွန်တော်တို့ အားလုံးလိုလိုတွေ့မြင်ဖူးသည်။ မျိုးဆင့်ပြောင်းလဲခြင်းအား လူထုထံ စတင်သယ်ဆောင်လာသူ ချားလ်စ် ဒါဝင် ဆိုသည့် နာမည်ကို ကြားဖူးကြသည်။ မျိုးဆင့်ပြောင်းလဲခြင်းဆိုသည်မှာ မည်သည်နည်း။ လွန်ခဲ့သော နှစ် တစ်သောင်းခန့်က ကမ္ဘာပေါ်တွင် ခွေး(dog) ဆိုသော သတ္တဝါများမရှိခဲ့ပါ။ တောရိုင်းမြေခွေး(wolf) များကို […]

Read Article →

ပန်းတွေဟာ ဘာအတွက်တည်ရှိနေတာလဲ

ရှေးဟောင်းဘာသာရေးဒဏ္ဍာရီထဲမှာပါတာကတော့ ဒီအဖြေဟာ ရှင်းပါတယ်။ ဘုရားသခင်ဟာ သားရဲတိရိစ္ဆာန်တွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးကို အုပ်စိုးကြီးကြပ်ဖို့ သူ့ပုံစံအတိုင်း လူသားတွေကိုဖန်ဆင်းတယ်။ ပြီးတဲ့နောက် အဲ့ဒီလူသားတွေကို စိတ်ချမ်းမြေ့စေဖို့အတွက် ပန်းတွေကိုဖန်ဆင်းပေးလိုက်တယ်။ အမျိုးသမီးတွေအတွက် ပိုပြီး ရည်ရွယ်တာပေါ့။ မဟုတ်သေးပါဘူး။ အဖြေအမှန်ရှိပါသေးတယ်။ သက်ရှိတိုင်းဟာ မျိုးပွားတာ သဘာဝပါ။ သူတို့မျိုးပွားမှကို ရပါမယ်။ မျိုးစိတ်တည်တံ့အောင်ပေါ့။ ဒီထဲမှာ အချို့သော အပင်တွေနဲ့ သတ္တ၀ါတွေဟာ လိင်မဲ့(Asexual) […]

Read Article →

ဘောလုံးတွေ ဘာ့ကြောင့် ခုန်တာလဲ။

ဘောလုံးဟာ မြေကြီးပေါ်(ဒါမှမဟုတ်) နံရံတစ်ခုပေါ်ကို ကျရောက်လာပြီဆိုရင် အရှိန်တိုးလာမယ်။ Kinetic Energy ဟာလဲ တစ်ဖြည်းဖြည်းချင်း များလာမယ်။ သူဟာ နံရံ(အတားအဆီး) တစ်ခုကို တိုက်မိလိုက်ပြီဆိုတာနဲ့ ခုနကတိုးလာတဲ့ Kinetic Energy အများစုဟာ ဘောလုံးနဲ့နံရံကြားက ဖိနိပ်ခြင်းအသွင်တစ်မျိုးအဖြစ် ပြောင်းလဲသိုလှောင်ခံလိုက်ရတယ်။ တစ်နည်းအားဖြင့် Potential Energy ပေါ့။ ဥပမာ… စားပွဲတင်တင်းနစ်ဘောလုံးတစ်လုံးဟာ နံရံနဲ့ တိုက်မိမယ်(ဒါမှမဟုတ်) မြေပြင်ပေါ်ကျရောက်မယ်ဆိုပါဆို့။ […]

Read Article →

Northern Light ဆိုတာဘာလဲ

Northern Lights ဆိုသည်မှာ ညဥ့်ကောင်းကင်ယံတွင် လှပစွာ ဖြာထွက်သော ရောင်စုံအလင်းတန်းများ ကိုခေါ်သည်။ မြန်မာလို ဥတ္တရအလင်းတန်းဟု ခေါ်လေ့ရှိကြသည်။ အဓိပ္ပါယ်မှာ မြောက်ဘက်ပိုင်းဒေသမှ အလင်းတန်းများ ဟူ၍ဖြစ်သည်။ ၎င်းအလင်းတန်းများကို Aurora အလင်းတန်းများဟုလည်း ခေါ်ဆိုကြသည်။ (ဤဆောင်းပါးတွင် အခေါ်အဝေါ်ကို Northern Lights နှင့် Aurora အလင်းတန်း ဟူ၍သာ တစ်လှည့်စီသုံးသွားပါမည်။) Northern Lights […]

Read Article →

ဘာမြူဒါ တြိဂံဆိုသည်မှာ လူပြောများသော ကောလဟလ တစ်ခုသာဖြစ်သည်။

ဘာမြူဒါတြိဂံဆိုတာကို အားလုံးပဲကြားဖူးကြပါတယ်။ သူနဲ့ပတ်သတ်တဲ့ ပုံပြင်တွေ၊ ဆောင်းပါးတွေ၊ ရုပ်ရှင်တွေဆိုတာလဲ မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း ဒုနဲ့ဒေးပါပဲ။ သူ့ရဲ့ ဧရိယာကတော့ အမေရိကန်နိုင်ငံ မီယာမီမြို့၊ အတ္တလန်းတစ်သမုဒ္ဒရာထဲက ဘာမြူဒါကျွန်နဲ့၊ ဘရာဇီးက ပေါ်တာရီကို တို့ကို ထောင့်သုံးထောင့်မှာထားထားပြီး တြိဂံပုံသဏ္ဍာန်မှာရှိပါတယ်။ အကျယ်အဝန်းဖြင့်တော့ ၅၀၀,၀၀၀ စတုရန်းမိုင်ကျယ်ပါတယ်။ အချို့ကလဲ ၁,၅၁၀,၀၀၀ စတုရန်းမိုင်ထိကျယ်တယ်လို့ ဖော်ပြကြပါသေးတယ်။ ကျွန်တော်တို့ဟာ သူနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေကို […]

Read Article →

Wormhole ဆိုတာဘာလဲ

Wormhole ဆိုတာကတော့ စကြာဝဠာကြီးအတွင်း တစ်နေရာကနေ တစ်နေရာကို ချက်ချင်းရောက်သွားနိုင်တဲ့ လမ်းကြောင်းတွေဖြစ်ပြီး Theoretical passage တစ်ခုအနေနဲ့သာ မှတ်ယူထားကြပါသေးတယ်။ ဒီအချင်းအရာကလဲ Einstein ရဲ့ General relativity theory နောက်မှာ ဖြစ်ပေါ်ယူဆလာကြတာဖြစ်ပါတယ်။ Wormhole Theory ၁၉၃၅ ခုနှစ်မှာ ရူပဗေဒပညာရှင်တွေဖြစ်တဲ့ Albert Einstein နဲ့ Nathan Rosen တို့နှစ်ဦးဟာ […]

Read Article →