ကျွန်တော်တို့ကို ဆက်သွယ်နေကြပြီလား။ SETI သည် အခု အာကာသအတွင်းမှလာသော ထူးခြားသည့် ဆစ်ဂ်နယ် ကိုလေ့လာနေပြီဖြစ်သည်။

ယခုအခါ SETI(Search for Extraterrestrial Intelligence) မှ နိုင်ငံတကာသုတေသနပြုလုပ်သူများဟာ ထူးဆန်းတဲ့ ဆစ်ဂ်နယ် တစ်ခုကို လေ့လာနေကြပါပြီ။ အဆိုပါ ဆစ်ဂ်နယ် ကတော့ ကမ္ဘာကနေ အလင်းနှစ် ၉၅ နှစ်ဝေးကွာတဲ့ ၆.၃ ဘီလီယံနှစ်သက်တမ်းရှိ ကြယ်အိုတစ်လုံးက လာခြင်းပဲဖြစ်ပါတယ်။ (ကျွန်ုပ်တို့ရဲ့ နေမင်းကြီးဟာ ၄.၇ ဘီလီယံနှစ် သက်တမ်းရှိပါတယ်။) ဒီ အချက်ပြမှုကရရှိလာတဲ့ ဖြစ်နိုင်ချေတွေဟာ ကျွန်ုပ်တို့ လူသားတို့ထက်ကို အများကြီးအသိညဏ်မြင့်တဲ့ သက်ရှိအဖွဲ့အစည်း တစ်ခုကို ဦးနေပါတယ်။

ဒီ အချက်ပြမှုကို ၂၀၁၅ ခုနှစ် မေလ ၁၅ ရက်နေ့ကစလို့ Zelenchukskaya ရှိ ရုရှား ရေဒီယိုတယ်လီစကုတ်တစ်လုံးကနေ ထောက်လှမ်းမိထားခြင်းဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာတော့ လျှို့ဝှက်ထားခဲ့ပါတယ်။ အခုတော့ HD164595 ကနေပြီးတော့ အလွန်ကို အားပြင်းတဲ့ အချက်ပြမှု တစ်ခုကို ရရှိထားတယ်ဆိုတာ သိသာသွားပါပြီ။

et2.png

ရုရှားမှ RATAN-600 ရေဒီယို တယ်လီစကုတ် စခန်း

ထိုကြယ်ရဲ့ တည်နေရာကတော့ HD164595 ဖြစ်ပါတယ်။ ထိုကြယ်ရဲ့ အနီနားမှာ နတ်ပ်ကျွန်းဂြိုဟ်ကဲ့သို့သော(ပို၍ နွေးသည်) ဂြိုဟ်တစ်လုံးလှည့်ပတ်နေတယ်ဆိုတာကို ထောက်လှမ်းမိထားပါသေးတယ်။ ဒါ့ကြောင့် ထိုကြယ်အဖွဲ့အစည်းမှာ ကျွန်ုပ်တို့ မထောက်လှမ်းမိထားတဲ့ အခြားဂြိုဟ်တွေ ရှိနေပါလိမ့်ဦးမယ်။

ဒီ အချက်ပြမှု ရဲ့ အင်အားဟာ ဖြန့်ဝေထားတဲ့ ထုတ်လွှင့်မှုဖြစ်နေပါတယ်။ (Isotropic beacon လို့ခေါ်ပါတယ်။) ဒီလိုထုတ်လွှင့်မှုမျိုးကို ကာဒေးရှပ်ဗ်စကေးအရ အမျိုးအစား ၂ အဆင့်ရှိတဲ့ သက်ရှိအဖွဲ့အစည်းများသာ လုပ်နိုင်ပါတယ်။ (ကာဒေးရှပ်ဗ်စကေးအကြောင်းဖတ်ချင်ရင်ကတော့ ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။) ဒီထုတ်လွှင့်မှုဟာ ဦးတည်ချက် အားလုံးကို အင်အားတူညီစွာ ထုတ်လွှင့်တာဖြစ်ပြီး သွားရာလမ်းတစ်လျှောက်မှာလဲ အချက်ပြမှုအား ကို တိုးမြှင့်သွားပါလိမ့်မယ်။

အမျိုးအစား ၂ အဆင့်ရှိတဲ့ သက်ရှိအဖွဲ့အစည်းများဟာ ၄င်းတို့ အနီးမှာရှိတဲ့ ကြယ်တွေရဲ့ စွမ်းအင်ကိုပါ သိုလှောင်သုံးစွဲနိုင်စွမ်းရှိကြပါတယ်။ သူတို့ဟာ ဒိုင်ဆန်အလုံး(Dyson Sphere) အတွင်းမှာရှိတဲ့ ဂြိုဟ်တွေဆီကို စွမ်းအင် ဖြန့်ဝေနိုင်ပါတယ်။ ပုံကို ကြည့်ပါ။

et3.png

ဒိုင်ဆန်အလုံး သဘောတရားအား ပုံဖော်ပြထားခြင်း

အခြေခံအားဖြင့်တွက်ကြည့်မယ်ဆိုရင်ကတော့ ဒီလိုအင်အားမျိုးနဲ့ အချက်ပြမှုကို ထောက်လှမ်းနိုင်ဖို့အတွက် စွမ်းအင်အများကြီး အသုံးပြုဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အခု အချက်ပြမှုဟာ ကျွန်ုပ်တို့ နေအဖွဲ့အစည်းကို ဦးတည်ပစ်လွှတ်လိုက်ခြင်းများလား။ ဒါ့ကြောင့်သာ အမျိုးအစား ၁ အဆင့်ပဲရှိတဲ့ ကျွန်ုပ်တို့ လူသားအဖွဲ့အစည်းက ထောက်လှမ်းမိလိုက်နိုင်တာလား။

ဒီထူးဆန်းလွန်းတဲ့ အချက်ပြမှုအကြောင်းကို စက်တင်ဘာ ၂၇ ရက်နေ့၊ မက္ကဆီကိုနိုင်ငံ ဂွါဒါလရေရာ(Guadalajara) မှာ ကျင်းပမယ့် ၆၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ နက္ခဗေဒ ကွန်ဂရက် မှာ အထူးတလည် ဆွေးနွေးသွားပါလိမ့်မယ်။(အဆိုပါနေ့မှာပဲ အီလွန်မက်စ်(Elon Musk) ရဲ့ အင်္ဂါဂြိုဟ်ပေါ်သွားမယ့်အစီအစဉ်ကို ဆွေးနွေးမှာပါ။)

စကြဝဠာအခြားတစ်နေရာက ကျွန်တော်တို့ အဖော်တွေကို တွေ့ရှိပြီလား။ မကြာခင် အဖြေပေါ်ပါလိမ့်မယ်။

Thar Htet Aung | Create your badge

Advertisements

One response to “ကျွန်တော်တို့ကို ဆက်သွယ်နေကြပြီလား။ SETI သည် အခု အာကာသအတွင်းမှလာသော ထူးခြားသည့် ဆစ်ဂ်နယ် ကိုလေ့လာနေပြီဖြစ်သည်။

  1. “My dad said they’d come. Said it my whole life. He said one day we’d find them, or they’d find us. Know what else he said? He said, I hope I ain’t around when that day comes.”
    -Raikes- [Battleship, 2012]

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s