ဤအစီအစဉ်သာအောင်မြင်ခဲ့မည်ဆိုပါက အင်္ဂါဂြိုဟ်သို့ နှစ်ရက်အတွင်း သွားနိုင်တော့မည်

 အာကာသရထား

ကမ္ဘာကနေ အင်္ဂါဂြိုဟ်ပေါ်ကိုသွားရတာ ပုံမှန်အားဖြင့်တော့ ၃ လကနေ ၆ လခန့်အထိ ကြာနိုင်ပါတယ်။ အားလုံးလဲ Matt Demon ရဲ့ The Martian ရုပ်ရှင်ကို ကြည့်ပြီးဖြစ်မှာပါ။ ဒါပေမယ့် အခုအသစ်ပေါ်လာတဲ့ ဆိုလာအိစ်ပရပ်စ် (Solar Express) ဆိုတဲ့ သဘောတရားကတော့ အဲ့ဒီ အချိန်ကာလကို စိန်ခေါ်နေပါတယ်။ သီအိုရီများအရ ဆိုလာအိပ်ပရပ်စ် ဟာ လူများနဲ့ ကုန်ပစ္စည်းများကို အင်္ဂါဂြိုဟ်ထံ ၂ ရက်အတွင်း ပို့ဆောင်နိုင်ပါလိမ့်မယ်။

ဆိုလာအိစ်ပရပ်စ် ဟာ အလင်းအလျင်ရဲ့ ၁ ရာခိုင်နှုန်းအထိ မြန်မြန်သွားနိုင်ပါလိမ့်မယ်။ အတိအကျဆိုရင်တော့ တစ်စက္ကန့်ကို ၃၀၀၀ ကီလိုမီတာ(၁၈၆၄ မိုင်) ခန့်ပေါ့။ ဒီအလျင်နှုန်းဟာ လ ဆီကို ၇ နာရီအတွင်းရောက်နိုင်ပါလိမ့်မယ်။

“အာကာသခရီးများရဲ့ ဈေးအကြီးဆုံး အပိုင်းတွေကတော့ စထွက်တဲ့ အချိန်နဲ့ အရှိန်သတ်တဲ့ အချိန်များပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေအတွက် အသုံးပြုရမယ့် စွမ်းအင်ဟာ အရမ်းကို ကြီးမားပါတယ်။ အထူးသဖြင့် အခုလို အာကာသရထားလိုမျိုးအတွက်ပေါ့။ ကုန်ပစ္စည်းများပါ ပါမယ်ဆိုရင် ပိုလို့တောင် ကြီးမားနေပါလိမ့်မယ်။” လို့ တည်ထောင်သူ Charles Bombardier က သူတို့ရဲ့တရားဝင်အင်တာနက်စာမျက်နာ မှာ ပြောကြားခဲ့ပါတယ်။

ဆိုလာအိပ်စ်ပရပ်စ် က ဒီ အခက်အခဲဆုံး နေရာနှစ်ခုကို ပယ်ဖျောက်ပြီး သွားပါလိမ့်မယ်။ အပေါ်ကိုတက်သွားတာနဲ့ ဘယ်တော့မှ အရှိန်ကို လျှော့မှာမဟုတ်တော့ပါဘူး။ ဒီနည်းနဲ့ပဲ ဆိုလာအိပ်စ်ပရပ်စ် ဟာ အာကာသထဲမှာ ကမ္ဘာနဲ့အင်္ဂါဂြိုဟ်ပေါ်ကို ခေါက်တုန့်ခေါက်ပြန်သွားလာပြီး လိုက်ပါမယ့် လူများနဲ့ ကုန်ပစ္စည်းများဟာလဲ ထိုရွေ့လျားနေစဉ်အတွင်းမှာသာ အတက်အဆင်းပြုလုပ်ရပါလိမ့်မယ်။

သူ့ရဲ့ ခရီးသွားအရှိန်ကို ရပြီးဆိုတာနဲ့ သူအသုံးပြုမယ့် စွမ်းအင်ဟာ အနည်းဆုံးဖြစ်ပါလိမ့်မယ်။ ဒါဟာ ဒီ ဆိုလာအိပ်စ်ပရပ်စ် ရဲ့ နောက်ကွယ်က အိုင်ဒီယာပါပဲ။ သူဟာ သူ့ရဲ့ ပထမဆုံးစထွက်တုန်းက အဟုန်ကို အသုံးပြုပါလိမ့်မယ်။ ထိုနောက်မှာတော့ ဆွဲငင်အားများကိုသာ အသုံးပြုကာ လောင်စာစားသုံးမှုကိုလျှော့ချပါလိမ့်မယ်။ ဒီနောက်မှာတော့ အာကာသတွင်း အရာဝတ္ထုများဆီက ရေကို ရှာဖွေရယူပြီး နေစွမ်းအင်ကို အသုံးပြုကာ ထိုရေများကို လောက်စာဆီပြန်ပြောင်းပါလိမ့်မယ်။

ကျွန်တော်တို့ မျှော်လင့်လို့ရပါသေးတယ်။

ဒါဟာ အခုအချိန်အထိ သဘောတရား(concept) တစ်ခုအနေနဲ့သာရှိပြီးတော့ ကျွန်တော်တို့ အကောင်အထည်ဖော်စရာတွေ အများကြီးရှိပါသေးတယ်။ ဒီသဘောတရားကို အသက်သွင်းဖို့အတွက် အဆိုပါ NGO လေးဟာလဲ ရင်းနှီးမြှုပ်နှံမယ့်သူများကို စောင့်ကြိုလျက်ရှိပါတယ်။ သူတို့ဟာ proposal စာများကို အားလုံးအတွက် ဖွင့်ဆိုထားပါတယ်။

ရှင်းရှင်းပြောရမယ်ဆိုရင် ဒါဟာ အရမ်းကို ရည်မှန်းချက်ကြီးမားတဲ့ သဘောတရား အိုင်ဒီယာတစ်ခုပါပဲ။ သိပ္ပံပညာနဲ့ ၄င်းရဲ့ လုပ်နိုင်စွမ်းတို့ဟာ အချိန်ပြည့်တိုးတက်နေပါတယ်။ အရာဝတ္ထုများ လေပေါ်ပျံသန်းခြင်း။ ကမ္ဘာတစ်ခြမ်းမှာဖြစ်ပျက်နေတာကို မြင်နိုင်ကြားနိုင်ခြင်း။ လပေါ်လမ်းလျှောက်ခြင်း။ စသည်တို့ဟာ တစ်ချိန်တစ်ခါက ညအိပ်ရာဝင် ပုံပြင်များ၊ မှော်ပညာများသာ ဖြစ်ခဲ့သည် မဟုတ်ပါလား။

အခု ဒီ သဘောတရားဟာလဲ သိပ္ပံပညာရဲ့ နောက်ထပ် ခြေလှမ်းတစ်ခုလား။ ဖြစ်နိုင်ပါ့မလား။ ဒါပေမယ့် မဖြစ်နိုင်တာတွေကို ဖြစ်တန်စွမ်းတစ်ခုအဖြစ် ပုံဖော်ပေးဖို့က သိပ္ပံပညာရဲ့ တာဝန်ပဲ မဟုတ်ပါလား။

Thar Htet Aung | Create your badge

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s