မိနစ် ၂၀နဲ့ ညစ်ပတ်နေတဲ့ ရေကို သန့်ရှင်းစေတဲ့ အရာ

သိပ္ပံပညာရှင်တွေဟာ တံဆိပ်ခေါင်းအရွယ်သာရှိတဲ့ အလွန်သေးငယ်တဲ့ ကိရိယာလေးတစ်ခုကို တီထွင်လိုက်ပါတယ်။ ဒီကိရိယာဟာ မိနစ်၂၀အတွင်း ရေထဲမှာရှိတဲ့ ပိုးမွှားတွေရဲ့ ၉၉.၉၉ ရာခိုင်နှုန်းကို သေစေနိုင်ပါတယ်တဲ့။

ဒီကိရိယာလေးကို အမေရိကန်နိုင်ငံ California ၊ Menlo Park မှာရှိတဲ့ Standford တက္ကသိုလ်ကနေ နာနိုနည်းပညာနဲ့ ထုတ်လုပ်ခဲ့တာပါ။

ညစ်ထေးနေတဲ့ ရေတွေကို နေရောင်ခြည်နဲ့ သန့်စင်အောင် ပြုလုပ်ခြင်းဟာ သဘာဝနည်းတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေရောင်ခြည်မှာပါဝင်တဲ့ UV rays ဟာ ပိုးမွှားတွေကို ဖျက်ဆီးတိုက်ခိုက်ပါတယ်။ ဒါပေမယ့် ဒီလို နေရောင်နဲ့ ပိုးမွှားတွေကို သေစေဖို့ဆိုရင် ပုံမှန်အားဖြင့် ၄၈နာရီကြာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိရိယာလေးက နေရဲ့ ကျယ်ပြန့်တဲ့ ရောင်စဉ်နဲ့ ချိတ်ဆက်လိုက်ပြီး ပိုးမွှားတွေ သေစေဖို့ အရှိန်မြင့်လိုက်ပါတယ်။

ဒီကိရိယာလေးဟာ အနက်ရောင် မှန်နဲ့ လုပ်ထားတဲ့ ထောင့်မှန်စတုဂံ ပုံစံလေးပါ။ သူ့ကို ရေထဲကို စိမ်ထားပြီး ရေကို နေရောင်အောင်မှာ ထားလိုက်တဲ့အခါ နေရောင်ဟာ ရေကို ကောင်းစွာ အလုပ်လုပ်သွားတာတွေ့ရပါတယ်။

ဒီနေရောင်ဟာ နေရောင်စဉ်ရဲ့ မြင်ရတဲ့ အပိုင်းကဖြစ်ပြီး နေရဲ့ စွမ်းအင် ၅၀ရာခိုင်နှုန်းလောက် ပါဝင်ပါတယ်။ UV raysထက် ပိုးမွှားတွေကို သေစေတဲ့နေရာမှာ ပိုပြီးကောင်းမွန်ပါတယ်။ UV rays မှာဆိုရင် နေရဲ့စွမ်းအင် ၄ရာခိုင်နှုန်းသာ ပါဝင်ပါတယ်။

water-2.jpg

ဒီမြင်ရတဲ့ နေရောင်ချည်အလင်းဟာ ကိရိယာအပေါ်မှာ ဖုံးအုပ်ထားတဲ့ Molybdenum disulfide (စက်ရုံတွေမှာအသုံးပြုတဲ့ ချောဆီ) မှာရှိတဲ့ electrons တွေကို တိုက်ခိုက်မှုတွေ ပြုပါတယ်။ သူဟာ ရေထဲမှာဆို မီးပန်းလို Chemical reactionကို ဖြစ်ပေါ်စေပါတယ်။

Hydrogen peroxide နဲ့ အခြားပိုးသတ်ဆေးတွေဟာ ဒီဓါတ်ပြုမှုမှာ ထုတ်လွှတ်မှုတွေ ဖြစ်စေပါတယ်။ ဒါဟာ ရေထဲက ပိုးမွှားတွေကို ရှင်းလင်းဖို့ ဖြစ်ပါတယ်။

Microscope ကကြည့်မယ်ဆိုရင် ဒီကိရိယာဟာ အလွန်သေးငယ်တဲ့ Molybdenum disulfide နံရံတွေနဲ့ ဆောက်လုပ်ထားပြီး ထောင်မှန်စတုဂံ မှန်ပေါ်မှာ ဝင်္ကပါပုံစံ စုပြီး ကပ်ထားတာ ဖြစ်ပါတယ်။ အမှတ်တမဲ့ဆိုရင် လက်ဗွေရာနဲ့ ခပ်ဆင်ဆင်တူပါတယ်။

ဒီလိုကောင်းမွန်တဲ့ အရည်အသွေးနဲ့ ပစ္စည်းတစ်ခုဟာ စိတ်ဝင်စားဖွယ်ရာကောင်းပါတယ်။ ထုတ်လုပ်တဲ့ သူတွေရဲ့ ရည်ရွယ်ချက်ကတော့ ပတ်ဝန်းကျင်ညစ်ညမ်းလာမှုကို ဖြေရှင်းပေးနိုင်ပြီး လူတွေအတွက် ကောင်းမွန်လာစေဖို့ဖြစ်ပါတယ်။

အရေးကြီးတဲ့ အချက်တစ်ချက်က ဒီနည်းပညာဟာ ဈေးကွက်အတွက် အောင်မြင်မှုရရှိနိုင်ပါတယ်။ Molybdenum disulfide ဟာ ထုတ်လုပ်တဲ့အခါမှာ အကုန်အကျသက်သာစေပါတယ်။ အခြားသန့်စင်တဲ့ နည်းလမ်းတွေမှာ အသုံးပြုတဲ့ လောင်စာရဲ့ကုန်ကျမှုကိုလဲ ချွေတာခြင်းကို ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိရိယာ အသစ်ဟာ ရေကို ဆူအောင်လုပ်ဖို့ မလိုအပ်ပါဘူး။

ဒီနည်းပညာဟာ အခြား လေ့လာထားတဲ့ ဈေးနှုန်းသက်သာစွာ ရေကိုသန့်စင်နိုင်ဖို့ ကြိုးစားအားထုတ်မှုတွေနဲ့ ပေါင်းစပ်ထားတာဖြစ်ပါတယ်။

ဒီကိရိယာကို လူတွေ အဆင်သင့် အသုံးပြုနိုင်ဖို့ အတွက် အများကြီးကြိုးစားရအုံးမှာ ဖြစ်တယ်လို့ဆိုပါတယ်။ Bacteria အမျိုးအစားသုံးမျိုးကွဲကိုတော့ စမ်းသပ်ပြီး ဖြစ်ပေမယ့် ဓါတုပစ္စည်း ညစ်ညမ်းမှုတွေမှာတော့ လောလောဆယ် အကျိုးသက်ရောက်မှုမရှိစေပါဘူး။

ကျွန်တော်တို့ အများစုမှာတော့ သန့်ရှင်းလတ်ဆတ်တဲ့ရေအတွက် ယုံကြည်လို့ရပါတယ်။ ဒါပေမယ့် ကမ္ဘာတစ်ဝှမ်းက လူဦးရေ သန်း၆၅၀ဟာ သန့်ရှင်းမှုမရှိတဲ့ ရေတွေနဲ့ အသက်ရှင်သန်နေရပါတယ်။ ဒါဟာ ကျွန်တော်တို့ ပြောင်းလဲရမယ့် အရာတစ်ခုလဲဖြစ်ပါတယ်။

<<Facebook သို့ပေးပို့လာသော ကို Steven Swan ရဲ့ ဆောင်းပါးကို မူရင်းအတိုင်းပြန်တင်ပေးထားခြင်းဖြစ်ပါတယ်။>>

Thar Htet Aung | Create your badge

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s