ဘာလို့ရေငန်ကို သောက်လို့မရတာလဲ
ရေငန်သည် အရသာမကောင်းလို ့ငန်လို ့ဆိုတဲ့ အချက်အပြင် ရေငန်ကို သောက်သုံးရင် ရေဓာတ်ကုန်ခန်းခြင်းကို ဖြစ်ပေါ်စေတယ်။
ရေဆာနေတဲ့ အချိန် ရေငန်ကို သောက်သုံးလိုက်ရင် ရေဆာတဲ့ ဆာလောင်မှုသက်သာသွားမှာတော့ မဟုတ်ပါဘူး ဆားငန်ဓာတ်ပိုပါဝင်မှုကြောင့် ဆီးသြားမွဳ ကိုသာ တိုးစေမှာပါ။
ပင်လယ်ရေကို ဆားငန်ဓာတ် ဆွဲထုတ်ပြီး လက်ခံနိုင်လောက်တဲ့ အခြေအနေမျိုးတော့ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် စွမ်းအင်တော့ အများကြီးလိုတဲ့ နည်းပညာလိုအပ်ပါတယ်။
တချို ့ သတ္တဝါတွေမှာတော့ ဒီပြဿနာကိုဖြေရှင်းနိုင်တယ်။ ဥပမာ ပင်လယ်စင်ရော် တွေရဲ ့ မျက်လုံးအကာနောက်မှာ Salt Glands ရှိတယ်။ အဲဒါ Gland ကေန ပင်လယ်ရေ သောက်လိုက်ရင် အငန်ဓာတ်ကို စစ်ထုတ်ပေးပြီး နှုတ်သီးကတစ်ဆင့်ထွက်သွားတယ်။
ပင်လယ်ရေကို ရေချိုဖြစ်ပြုလုပ်တဲ့ လမ်းစဉ်က ဘာလို ့အလုပ်မဖြစ်သေးတာလဲ
ရေရှားပါးတဲ့ နေရာတွေမှာ ရေကိုပိုလိုအပ်တယ်။ အဲပြဿနာကို ဖြေရှင်းဖို ့ပင်လယ်ရေကို ရေချို ဖြစ်အောင်လုပ်ဖို ့နည်းက အရေးပါလာပြီ။ ရေငန်ကို ရေချိုဖြစ်အောင်လုပ်တာ နှစ်ပေါင်းများစွာကလည်း လုပ်ခဲ့တယ်။ Aristotle တို ့ခေတ်တုန်းကလည်း ဒီပြဿနာကို ဖြေရှင်းခဲ့တယ်။
ပင်လယ်ရေ ၁ ဂါလန္မွာ ၁၃၀ ဂရမ် ပါဝင်တယ်။ ရေချိုလုပ်ငန်းက လူသောက်သုံးနိုင်တဲ့ ပမာဏ ၂ ဂရမ်လောက်ထိရောက်အောင် လျော့နိုင်တယ်။ ယေန ့ခေတ်မှာ တစ်နေ ့ကို ရေဂါလန် ပေါင်း ၁၀ သန်းကနေ ၁၃ သန်းအထိ ရေချိုဖြစ်လုပ်နေကြတယ်။
ကမာၻေရရဲ ့ ၀.၂ ရာခိုင်နှုန်းလောက်သာ ကုန်ဆုံးသွားတယ်။ ဒါပေမယ့် ဒီထက်များလာဖို ့ရှိပါတယ်။
ဘီစီ ၄ ရာစုလောက်က Aristotle ကေတာ့ ပင်လယ်ရေကို ဆားဓာတ်တွေစစ်ထုတ်ရင် သောက်သုံးလို ့ရတယ် တွေးခဲ့တယ်။ တကယ်လက်တွေ ့မွာ ပေါင်းခံခြင်း (Distillation) နဲ ့သာအဆင်ပြေတာပါ။ အေဒီ ၄၀၀ တုန်းက သင်္ဘောသားတွေ ပင်လယ်ရေကို ပေါင်းခံပြီး ရေချိုရအောင် လုပ်ခဲ့တယ်။ ဒါက လူအနည်းအကျဉ်းမို ့လို ့ပါ။
လူအများအတွက် ဆိုရင်တော့ ငွေကုန်ကြေးကျများမယ့် ကိစၥျဖစ္သြားမွပါ။ အခု ရေနံထုတ်တဲ့ နိုင်ငံတွေ ရေရှားပါးတဲ့ နိုင်ငံတွေမှာ ပင်လယ်ရေကို အပူပေးပြီးထွက်လာတဲ့ အေငြ ့တွေကို အေအးခံကာ ရေချိုဖြစ်အောင် ပြုလုပ်နည်း (Thermal Desalination) ကို အသုံးပြုတယ်။ ဒါဟာ ချမ်းသားတဲ့နိုင်ငံအတွက် တော့ ဟုတ်ပါတယ်။
၁၉ ၅၀ ကာလတုန်း Aristotle တွေးခဲ့သလို စစ်ထုတ်ခြင်းဖြင့် ရေချိုလုပ်ငန်း လုပ်လို ့အဆင်ပြေမယ့်နည်းကို တွေ ့ရှိခဲ့တယ်။ Reverse-Osmosis နည်းလို ့လည်း ခေါ်ကြတယ်။ ဒီနည်းပညာနဲ ့ရလာတဲ့ ရေချိုဟာ စျေးလည်း တစ်ဝက်သက်သာတယ်။ စွမ်းအင် ကုန်ဆုံးမှု လေးပုံတစ်ပုံုသာရှိတယ်။
Reverse Osmosis နဲ ့ရော အလုပ်ဖြစ်သလား
ဒီနည်းနဲ ့ဆိုရင်တောင် ရေစစ် အမြှေးပါးကို ဖြတ်သန်းဖို ့ ရေကိုဖိအားများများပေးရပါသေးတယ်။ နိုင်ငံတစ်နိုင်ငံမှာ ပျမ်းမျှအားဖြင့် ကမ္ဘာမျက်နှာပြင် ရေသုံးစွဲမှု တစ်နေ ့ကို ဂါလန်ပေါင်း ၃၂၃ သန်း ရှိတယ်။ တွင်းရေ မြေအောက်ထဲက ရေသုံးစွဲမှု ၈၄.၅ သန်းရှိတယ်။ အကယ်၍သာ အဲဒီသုံးစွဲမှု ပမာဏရဲ ့တစ်ဝက်လောက်ကိုထောက်ပံ့ပေးမယ်ဆိုရင်တောင် Gigawatt ရွိတဲ့ လျှပ်စစ်ထုတ်လုပ်တဲ့ စက်ရုံ ၁၀၀ မကလိုအပ်တယ်။
နေရာပေါ်မူတည်ပြီးတော့ရေရောင်းချမှုကလည်း ဂါလန် ၁၀၀၀ ကို ၃ ဒေါ်လာ ၄ ဒေါ်လာလောက်ကုန်ကျနိုင်တယ်။ ဒီပမာဏကသိပ်အများကြီးမဟုတ်လှဘူး ဆိုပေမယ့် တွင်းရေ မိုးရေ သဘာ၀က ရရွိတဲ့ ရေတွေလောက်တော့ စျေးမပေါဘူး။ လူဦးရေများလာလေလေ ရေချိုလုပ်ငန်း မွာ စွမ်းအင်ပိုလေလေ ရေရောင်းချမှုကလည်း ပိုပြီးစျေးတက်လာလေလေ ဖြစ်မှာပါ။ ဒါပေမယ့် reverse osmosis နည်းကြောင့် ယေန ့ ရေရှားပါးမှုကို ဖြေရှင်းနေတဲ့ က႑မွာ တစ်စိတ်တစ်ဒေသ အဖြစ်ပါဝင်နေပါတယ်။