dark matter များသာ ပါဝင်တဲ့ ဂလက်ဆီတစ်ခုကို တွေ့ရှိ

47-scientistsdi.jpg

ဘယ်ဘက်ကပုံဟာ အဆိုပါဂလက်ဆီကို တယ်လီစကုတ်နဲ့ မြင်ရတဲ့ပုံဖြစ်ပြီး ညာဘက်ကပုံကတော့ long exposure ထားပြီးတဲ့အချိန်မှာမြင်ရတဲ့ပုံဖြစ်ပါတယ်။

အားအပြင်းဆုံး တယ်လီစကုတ်များကိုအသုံးပြုပြီးတော့ သိပ္ပပညာရှင်များဟာ dark matter များသာ ပါဝင်တဲ့ ဂလက်ဆီတစ်ခုကို တွေ့ရှိခဲ့ပါပြီ။

Dragonfly 44 လို့ခေါ်တဲ့ ဂလက်ဆီဟာ Coma ကြယ်စင်စုအတွင်းမှာတည်ရှိပြီးတော့ နဂါးငွေ့တန်းဂလက်ဆီအရွယ်အစားလောက် ရှိပါတယ်။ ဒါပေမယ့် ကြယ်အရေအတွက်အားဖြင့်တော့ နည်းပါတယ်။ သိပ္ပံပညာရှင်များက ထိုဂလက်ဆီကို စောင့်ကြည့်နေခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ။

ဒီဂလက်ဆီဟာ dark matter များနဲ့ ပြည့်နေတဲ့ ဂလက်ဆီတစ်ခုဖြစ်ကြောင့် ရေးလ်တက္ကသိုလ်မှ နက္ခဗေဒပညာရှင် Pieter van Dokkum က ပြောကြားခဲ့ပါတယ်။

ကြယ်တွေရဲ့ ရွေ့လျားနှုန်းဟာ ထိုကြယ်ရှိနေတဲ့ ဂလက်ဆီရဲ့ ဒြပ်ထု(mass) အနည်းအများကို ညွှန်ပြပါတယ်။ ကြယ်ဟာ မြန်မြန်သွားလေ ဂလက်ဆီရဲ့ ဒြပ်ထုဟာ ပိုများလေဖြစ်ပါလိမ့်မယ်။

အခု အလွန်ကို အရောင်မှေးမှိန်နေတဲ့ ဂလက်ဆီထဲမှာ ရှိတဲ့ ကြယ်တွေရဲ့ ရွေ့လျားမှုနှုန်းဟာ အတော်အတန်ကို မြန်နေပါတယ်။ ဒါ့ကြောင့် Dragonfly 44 မှာ မမြင်နိုင်တဲ့ ဒြပ်ထုတွေရှိနေရမယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

Dragongly 44 ရဲ့ ဒြပ်ထုဟာ ကျွန်တော်တို့ နေမင်းကြီးရဲ့ ဒြပ်ထုထက် ၁ ထရီလီယံ ဒါမှမဟုတ် ၂ ထရဒက်စီလီယန် ကီလိုဂရမ်(၁ နောက်မှ သုည ၄၂ လုံး) ခန့်ရှိမယ်လို့ တွက်ချက်နိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ နဂါးငွေ့တန်းဂလက်ဆီရဲ့ ဒြပ်ထုနဲ့ အတူတူလောက်ပါပဲ။ ဒါပေမယ့် normal matter ပါဝင်နှုန်းဟာ ၀.၀၁ ရာခိုင်နှုန်းခန့်သာရှိပြီး ကျန်တဲ့ ၉၉.၉၉ ရာခိုင်နှုန်းခန့်ဟာ dark matter တွေသာဖြစ်ပါလိမ့်မယ်။

အခုလို dark matter များဖြင့်သာ ဖွဲ့စည်းထားတဲ့ ဂလက်ဆီကို တွေ့ရတာ အခု ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ultra-faint dark galaxies လို့ ခေါ်တဲ့အရာများကိုလဲ တွေ့ရှိထားပြီးတော့ သူတို့ရဲ့ ဒြပ်ထုဟာ dragonfly 44 ထက် အဆပေါင်း သောင်းချီနေတယ်လို့လဲ သိရပါတယ်။

  • (dark matter ဆိုသည်မှာ မည်းနက်နေသော အရာများဟု အဓိပ္ပာယ်မသက်ရောက်ပါ။ ကျွန်တော်တို့ မမြင်နိုင်တဲ့ အရာများကို ဆိုလိုခြင်းဖြစ်ပါတယ်။ သူတို့ဟာ စကြဝဠာရဲ့ ၉၀ ရာခိုင်နှုန်းခန့် နေရာယူထားကြပါတယ်။ သူတို့ရှိတာကို ကျွန်တော်တို့ဟာ ဘေးပတ်ဝန်းကျင်က ကြယ်များ၊ ဂြိုဟ်များ၊ ဂလက်ဆီများရဲ့ ဝိသေသလက္ခဏာတွေကို ကြည့်ရှုပြီးမှသာ သိနိုင်ပါတယ်။)

Thar Htet Aung | Create your badge

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s