ကမ္ဘာနှင့်တူသော အနီးဆုံး ဂြိုဟ်တစ်လုံးဖြစ်သည့် Proxima b ဂြိုဟ်

ကမ္ဘာနှင့်တူသော အနီးဆုံး ဂြိုဟ်တစ်လုံးဖြစ်သည့် Proxima b မှ ကြိုဆိုပါတယ်။

သိပ္ပံပညာရှင်များဟာ အနီးဆုံးကြယ်တစ်လုံးဖြစ်တဲ့ Proxima Centauri ကိုလေ့လာနေခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်လို့ ၁၅ နှစ်ထဲမှာ ဝင်ခဲ့ပါပြီ။ ဒီကြယ်ကို လှည့်ပတ်နေတဲ့ ဂြိုဟ်တွေကိုလဲ Ultraviolet and Visual Echelle Spectrograph (UVES) နည်း၊ High Accuracy Radial velocity Planet Searcher (HARPS) တို့နဲ့ ထောက်လှမ်းနေခဲ့ပါတယ်။ အဆိုပါ တယ်လီစကုတ် ၂ လုံးလုံးကို ချီလီမှာတည်ရှိတဲ့ European Southern Observatory မှာ တပ်ဆင်ထားပါတယ်။

Proxima Centauri ကို သိပ္ပံပညာရှင်တွေက မှန်ပြပြအနီရောင် အစက်ကလေး(Pale Red Dot)လို့ နာမည်ပြောင်ပေးထားပါတယ်။ Carl Sagan ရဲ့ နာမည်ကျော် Pale Blue Dot(Earth) ကို လိုက်ပြီး ပေးထားတာလဲဖြစ်ပါတယ်။

ဒီ Pale Red Dot လေ့လာတဲ့ အသင်းဟာ ဒီနှစ်အစောပိုင်းမှာ တစ်ချိန်လုံး HARPS တယ်လီစကုတ်ကို Proxima Centauri နေရာမှာ ချိန်ထားပါတယ်။ ဇန်နဝါရီ ၁၉ ကနေ မတ်လ ၃၁ ရက်နေ့ထိပါပဲ။ ဒီအတောအတွင်းရတဲ့ အချက်အလက်တွေတစ်ဆင့် အဲ့ဒီ ကြယ်အနီးမှာ လှည့်ပတ်နေတဲ့ ဂြိုဟ်တစ်လုံးရှိနေကြောင်း အချက်ဟာ ဘိုးဘိုးဘွင်းဘွင်းပေါ်လာပါတော့တယ်။

“နောက်ဆုံးတော့ ကျွန်တော်တို့ဟာ Proxima Centauri ကိုလှည့်ပတ်နေတဲ့ ဂြိုဟ်တစ်လုံးကို ထောက်လှမ်းနိုင်ခဲ့ပါပြီ။” လို့ အဖွဲ့ရဲ့ ခေါင်းဆောင် Anglada-Escude က သြဂုတ် ၂၃ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ပြောကြားခဲ့ပါတယ်။

ဘယ်လိုလုပ်ပြီး ဒီ Proxima b ဂြိုဟ်လေးဟာ မထောက်လှမ်းမိပဲနဲ့ အကြာကြီးဖြစ်နေတာလဲ။ ကျွန်တော်တို့ဟာ နေအဖွဲ့အစည်းပြင်ပက ဂြိုဟ် ရာပေါင်းများစွာကို ထောက်လှမ်းမိပြီးဖြစ်ပါတယ်။

proxima-centauri-b-planet

This artist’s impression shows the planet Proxima b orbiting the red dwarf star Proxima Centauri, the closest star to the Solar System. The double star Alpha Centauri AB also appears in the image between the planet and Proxima itself. Proxima b is a little more massive than the Earth and orbits in the habitable zone around Proxima Centauri, where the temperature is suitable for liquid water to exist on its surface.

Proxima b

Proxima b ဟာ သူလှည့်ပတ်နေတဲ့ ကြယ်ကနေ ၄.၇ သန်းမိုင်အတွင်းမှာသာ တည်ရှိပါတယ်။ သူတစ်ပတ်ပြည့်ဖို့ ကမ္ဘာရက်ပေါင်း ၁၁.၂ ရက်ခန့်ကြပါလိမ့်မယ်။ သူ့ရဲ့ ဝင်ရိုးပေါ်မှာ လည့်ပတ်နှုန်းနဲ့ ကြယ်ကို လှည့်ပတ်နေမှုနှုန်းဟာ တူနေပါတယ်။ ဆိုလိုတာကတော့ ကြယ်ဘက်မှာ မျက်နှာပြင်တစ်ခုတည်းသာ အမြဲတမ်းရှိနေပါတယ်။ လဟာ ကမ္ဘာဘက်ကို မျက်နှာတစ်ခုသာ အမြဲတမ်း မူနေသလိုပေါ့။

ယှဉ်ကြည့်မယ်ဆိုရင် ကမ္ဘာဟာ နေကနေ မိုင်ပေါင်း ၉၃ သန်းဝေးပါတယ်။ ဒါပေမယ့် Proxima b ဟာ သက်ရှိဖြစ်ထွန်းနိုင်တဲ့ စာရင်းထဲမှာ ပါနေပါသေးတယ်။ သူလှည့်ပတ်နေတဲ့ Proxima Centauri ကြယ်ဟာ ကြယ်နီပု(red dwarf) တစ်လုံးသာ ဖြစ်တာကြောင့် ကျွန်တော်တို့နေထက်စာရင် အများကြီး အရောင်မှိန်ပြီး အပူချိန်လျော့နည်းပါတယ်။

သူ့ဆီသွားဖို့ဖြစ်နိုင်မလား

အလင်းအလျင်ရဲ့ ၂၀ ရာခိုင်နှုန်းနဲ့သွားနိုင်မယ်ဆိုရင်တော့ Proxima b ကို ဆယ်စုနှစ် ၂ ခု အတွင်းမှာ ရောက်ပါလိမ့်မယ်။

“ဒီနေ့ထုတ်လိုက်တဲ့ ကြေငြာချက်ရဲ့ လိုရင်းကတော့ Proxima b ဟာ ကမ္ဘာနဲ့ တူနေတဲ့ ဝိသေသလက္ခဏာတွေ အများကြီးရှိပါတယ်။”လို့ Breakthrough Prize Foundation ရဲ့ ဥက္ကဌဖြစ်သူ Pete Worden က သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

အဆိုပါ တွေ့ရှိမှုရဲ့ Gallary ကို ကြည့်ရှုချင်တယ်ဆိုရင်တော့ ဒီမှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။

Thar Htet Aung | Create your badge

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s