ပဉ္စမမြောက်အား တစ်ခု ရှိနိုင်သေးသည်ဟု လေ့လာမှုအသစ်များမှ ပြောကြားလိုက်သည်။

“ဟုတ်တယ်ဆိုရင်ကတော့ ဒါဟာ ခေတ်ကိုပြောင်းလဲနိုင်ပါတယ်။” ဟု ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ရူပဗေဒနှင့် နက္ခဗေဒ ပါမောက္ခ Jonathan Feng မှ ပြောကြားခဲ့သည်။

သဘာဝတရားကြီးမှ အခြေခံအား ၄ မျိုးရှိတယ်ဆိုတာကို ကျွန်တော်တို့သိတာ ဆယ်စုနှစ်များစွာကြာခဲ့ပါပြီ။ ဆွဲငင်အား(gravitation)၊ လျှစ်စစ်သံလိုက်အား(electromagnetism)၊ နျူကလိယအားပျော့(weak nuclear force) နဲ့ နျူကလိယအားပြင်း(strong nuclear force) တို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရူပဗေဒစာအုပ်တွေကို ပြုပြင်ရတော့မလိုပါပဲ။ အခု ပဉ္စမမြောက် အခြေခံ အားကို တွေ့လိုက်ရင် စကြဝဠာကြီးအပေါ်နားလည်တဲ့ ကျွန်တော်တို့ရဲ့ နားလည်မှုတွေကို ပြောင်းရတော့ပါမယ်။

Feng နဲ့ သူ့ရဲ့အဖွဲ့ဟာ စွမ်းအင်နက်(dark energy) နဲ့ dark matter တွေကို လေ့လာမှုတွေ ပြုလုပ်နေခဲ့ပါတယ်။ dark matter ဆိုတာကတော့ စကြဝဠာကြီးရဲ့ ၈၅ ရာခိုင်နှုန်းခန့်ကို နေရာယူထားတဲ့ အရာတွေပဲဖြစ်ပါတယ်။ သူတို့ဟာ အလင်းကို စုတ်ယူခြင်း၊ ဖြာထုတ်ခြင်းများ မလုပ်တဲ့အတွက် သူတို့ကို တိုက်ရိုက်ထောက်လှမ်းမိနိုင်ဖို့မှာ မဖြစ်နိုင်ပါဘူး။ အမှန်တကယ်ရှိတဲ့ matter တွေအပေါ်မှာ ပြောင်းလဲနေတဲ့ ဆွဲငင်မှုတွေကတစ်ဆင့်သာ သူတို့ရှိတယ်ဆိုတာကို ထောက်လှမ်းနိုင်ပါတယ်။

အခု Feng တို့ ဟန်ဂေရီးယန်းလူမျိုး လေ့လာသူတွေကတော့ အလက်ထရွန်ထက် အဆ ၃၀ ခန့်ပိုမိုလေးလံနေတဲ့ အမှုန်တစ်မျိုးကို ထောက်လှမ်းမိလိုက်ပါတယ်။ ဒီနှစ်ဦးပိုင်းမှာ သူတို့ ထုတ်ပြန်ပြီးဖြစ်ပါတယ်။

ဒီအမှုန်လေးကိုတွေ့လိုက်တာဟာ ပဉ္စမမြောက်အခြေခံအား ရှိတယ်ဆိုတာကို တပ်အပ်မပြောနိုင်ပါဘူး။ ရိုးရိုးအမှုန်တစ်မျိုးပဲလား၊ အားတစ်ခုကိုသယ်ဆောင်တဲ့အမှုန်လားဆိုတာကတော့ ဆုံးဖြတ်ဖို့ ခက်ပါသေးတယ်။

အခုတွေ့လိုက်တဲ့အမှုန်လေးဟာ dark photon(photo=အလင်းသယ်ဆောင်သော အမှုန်) မဟုတ်ပါဘူး။ ဒီအမှုန်လေးဟာ ပဉ္စမမြောက်အားရှိနေတယ်ဆိုတာကိုတော့ လမ်းညွှန်မှုပေးနေသလိုပါပဲ။ လက်ရှိသိထားသမျှအမှုန်တွေကော၊ တွက်ချက်မှုတွေအရကောက လျှစ်စစ်သံလိုက်အမှုန်(electromagnetic particle) တွေဟာ ပရိုတွန်တွေနဲ့ အလထရွန်တွေကို အကျိုးသက်ရောက်မှုတွေပေးပါတယ်။ အခုတွေ့လိုက်တဲ့ အမှုန်ကတော့ အလက်ထရွန် နဲ့ နျူထရွန်များကိုသာ တုံ့ပြန်ပြီး ဒါဟာလဲ အလွန်နီးကပ်နဲ့ အခြေအနေမှာသာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလိုတွေ့ရှိမှုဟာ အတော်အတန်ထူးဆန်းပြီး မဖြစ်သင့်တဲ့ အခြေအနေတစ်ခုဖြစ်နေတာကြောင့် စူးစမ်းသူတွေဟာ ဆုံးဖြတ်ချက်တွေပြုလုပ်ဖို့ ခက်နေပါတယ်။ အကြပ်ရိုက်နေပါတယ်။ ဒါ့ကြောင့် ဒီကိစ္စကို ထပ်မံပြီး သေသေချာချာလေ့လာဖို့ လိုအပ်နေပါသေးတယ်။

ဒါပေမယ့် စိတ်ပူစရာတော့မလိုပါဘူး။ သိပ္ပံပညာရှင်များဟာ ကိုယ်မသိတဲ့အချက်ကို မသိကြောင်းသိလိုက်ရပြီဆိုရင် ရေဆုံးကုန်းဆုံး လိုက်လံရှာဖွေကြစမြဲပဲမဟုတ်ပါလား။

ဒီစာတမ်းကို Physics Review Letter များဂျာနယ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီ စာတမ်းရဲ့ မူရင်းကိုဖတ်ချင်ရင်ကတော့ အောက်ပါလင့်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

Thar Htet Aung | Create your badge

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s