ဘာကြောင့် ရေချိုးရင်းနဲ့ ရှုးပေါက်သင့်သလဲ။

367116489976035_1406114016076272

ဒါဟာ သင်္ချာနဲ့ ဆိုင်ပါတယ်။ သင် ရေချိုးရင်နဲ့ အပေါ့သွား (ရှုးပေါက်)သင့်ပါတယ်။ ဒါဟာ လွတ်လပ်လို့  အကြောအချဉ်တွေ ပြေစေလို့ တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သင်ဟာ အနည်းငယ်လောက်တော့ ကမ္ဘာကြီးကို ကယ်တင်နိုင်လို့ပါ။

သင်္ချာနည်းအရ စဉ်းစားကြည့်မယ်ဆိုရင်၊ နေစဉ်နေ့တိုင်း သင်အပေါ့သွားပါတယ်။ ပြီးတော့ အိမ်သာကို သန့်ရှင်းရေးလုပ်ဖို့ ရေဆွဲချလိုက်တယ်။ ဒီနံစော်တဲ့ အရာတွေ အိမ်သာတွင်းထဲ ကို လောင်းထည့်ဖို့ ရေပမာဏကို စဉ်းစားဖို့လိုပါတယ်။ များစွာသော အိမ်သာတွေဟာ ရေလောင်းမှုကို ရပ်တန့်နိုင်ပါတယ်။ ဒါပေမယ့် အချို့ကတော့ မလုပ်နိုင်ပါဘူး။ ဒါဟာ ရေပမာဏအများကြီးကို ဖြုန်းတီးစေတာပါ။

သာမာန်ရေလောင်းမှုမှာ အနောက်တိုင်း အိမ်သာခွက်ဆိုရင် ရေ၆လီတာလောက် အသုံးပြုပါတယ်။ အရွယ်ရောက်ပြီးသူတိုင်းဟာ တစ်နေ့ကို ၇ကြိမ်လောက် အပေါ့သွားကြပါတယ်။ ဒါဟာ တစ်နေ့ကို  ၄၂လီတာ(၁၁.၁ဂါလံ)လောက် အပေါ့သွားရင် လောင်းချတဲ့ ပမာဏပါ။ ဒီလိုမျိုး လူတစ်ယောက်ဟာ နေ့စဉ် ဆီးသွားမယ်ဆိုရင် တစ်နှစ်မှာ ရေလီတာပေါင်း ၁၅၃၃၀( ၄၀၅၀ဂါလံ) ရှိပါတယ်။

အမေရိကားမှာဆိုရင် လူဦးရေ ၃၁၉သန်းရှိပါတယ်။ သူတို့တွေဟာ ဒီတိုင်းအပေါ့သွားမယ်ဆိုရင် နှစ်စဉ်ကုန်ဆုံးသွားတဲ့ ရေပမာဏဟာ ၄.၉ ထရီလီယံ လီတာ(၁.၃ ထရီလီယံ ဂါလံ)လောက် ရှိပါတယ်။ ဒါဟာ ၁.၉၇ မီလီယံလောက်ရှိတဲ့ ရေကူးကန်ကြီးလောက်ကို အသုံးပြုလိုက်တာဖြစ်ပါတယ်။

ဒါကြောင့် သင်ရေချိုးရင်းနဲ့ အပေါ့သွားရင် ဒီပမာဏလောက်ရှိတဲ့ ရေကို ချွေတာလိုက်သလို သက်ရောက်မှုရှိစေပါတယ်။ တစ်နေ့ကို ၇ကြိမ်မဟုတ်ပဲ ၆ကြိမ်ပဲ သွားတယ်ဆိုရင်တောင် တစ်နှစ်ကို ရေပမာဏ ၂၁၉၀လီတာ (၅၇၉ ဂါလံ) ကို ချွေတာနိုင်ပါတယ်။

လူတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရာသီဥတုပြောင်းလဲမှုတွေ၊ ရေလုံလောက်စွာမရှိတော့တဲ့ ရေအရင်းအမြစ်တွေ၊ ရေထောက်ပံမှုတွေဟာ မယုံနိုင်လောက်အောင် လျင်မြန်စွာ လျော့ကျလာပါတယ်။ ဒါကြောင့် ကမ္ဘာဂြိုလ်ကို ကူညီတဲ့ အနေနဲ့ သင်ရေချိုးရင်းနဲ့ အပေါ့သွားလိုက်ပါ။

အထက်ပါ ဆောင်းပါးကတော့ Facebook page ကို ပေးပို့လာတဲ့ ကို Steven Swan ရဲ့ ဆောင်းပါးပဲဖြစ်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s