အမှောင်ထုအပြည့်နှင့် နှစ်ကာလတစ်ခု

ခုနှစ်က အေဒီ ၅၃၆။ အီတလီတောင်ပိုင်းမှာ ပြည်တွင်းမငြိမ်သက်မှုတွေဖြစ်တယ်။ အရှေ့အလယ်ပိုင်းဒေသမှာ အာဏာလုမှုတွေက လှုပ်လှုပ်လှုပ်လှုပ်။ ရောမက ဗန်ဒယ် ဘုရင် နန်းကျတယ်။ ကံဆိုးမိုးမှောင်ကျမှုတွေက ဥရောပမှာတင်ပဲလား။ မဟုတ်ပါဘူး။ အမေရိကတိုက်က နာမည်ကြီး တီဟိုတီဟွာကမ် မြို့တော်ကြီးပျက်သုဉ်းတယ်။ လိုပန်ဂို မီးတောင်ပေါက်ကွဲမှုကြောင့် လူသိန်းချီ သေကြေပျက်စီးခဲ့တယ်။ အာရှမှာလဲ ထို့အတူပဲ။ နှစ်ပေါင်း ထောင်ချီနီးပါးအုပ်စိုးခဲ့တဲ့ ဝေ မင်းဆက်အဆုံးသတ်တယ်။ ပြည်တွင်းစစ်တွေကြောင့် ဒေသတွင်းလူဦးရေရဲ့ လေးပုံသုံးပုံလောက် သေကြေခဲ့တယ်။ သြစတြေးသျတိုက်မှာလဲ ဥက္ကာခဲတစ်ခုပျက်ကျခဲ့လို့ သဘာဝဘေးအန္တရာယ်တွေကို နှစ်အရှည်ကြာ နောက်ဆက်တွဲအနေနဲ့ ခံခဲ့ရတယ်။

ဒီလိုကံဆိုးမှုတွေက ကမ္ဘာပေါ်မှာတင်ဖြစ်ပျက်ခဲ့တာမဟုတ်ပါ။ ကောင်းကင်ပေါ်က နေမင်းကြီးလဲ အရောင်တွေမှေးမှိန်သွားတယ်။ ဒီလိုမှေးမှိန်မှုဟာ နှစ်ပေါင်းအတော်ကြာခဲ့တာကြောင့် နွေရာသီအလယ်မှာ နှင်းတွေကျခဲ့တယ်။ ရေတွေခဲခဲ့တယ်။ နှစ်ပေါင်းအတော်ကြာ ကမ္ဘာတစ်ဝန်းဆောင်းရာသီသာ ရှိခဲ့တယ်။ ၇၆ နှစ်မှ တစ်ခါကမ္ဘာက မြင်ရတဲ့ ဟေလီကြယ်တံခွန်ဟာလဲ ခါတိုင်းအချိန်တွေထက် နောက်ခါ အမှီးက ပိုရှည်နေခဲ့တယ်။ ဘာသာရေးတော်တော်များများမှာ ယုံကြည်သူတွေဆုံးရှုံးခဲ့ရတယ်။ ဘာကြောင့် နှစ်တစ်နှစ်တည်းမှာ ဒီလောက်တိုက်ဆိုင်မှုတွေများပြားပြီး အားလုံးဟာ ကံဆိုးမှုတွေ၊ အနှုတ်လက္ခဏာတွေပဲဖြစ်ခဲ့ရတာလဲ။ အဖြေတွေကိုတော့ ရှာဆဲပါ။ သမိုင်းသုတေသီတွေအတွက် ပဟေဋိများစွာဖြစ်နေဆဲပါ။ အလုပ်ရှုတ်စေဆဲပါ။

536 word map.jpg

အေဒီ ၅၃၆ နဲ့ပတ်သက်ပြီးပထမဆုံး သက်သေတစ်ခုထွက်လာခဲ့တာတော့ နာဆာရဲ့ ဘူမီဗေဒပညာရှင်နှစ်ဦးဖြစ်တဲ့ ရစ်ချက်စတိုသာစ်(Richard Stothers) နဲ့ မိုက်ကယ်ရမ်ပီိနို(Micheal Rampino) တို့ရဲ့ ရှာဖွေတွေ့ရှိမှုတွေကပါ။ ၁၉၈၀ ခန့်မှာ အဆိုပါ ဘူမိဗေဒပညာရှင်နှစ်ဦးဟာ အရှေ့အလယ်ပိုင်းဒေသတွင်းက မီးတောင်တွေမှာ အေဒီ ၆၃၀ မတိုင်ခင် အဓိကမီးတောင်ပေါက်ကွဲမှု ၇ ကြိမ်ဖြစ်ပေါ်ခဲ့တယ်လို့ တွေ့ရှိခဲ့ပါတယ်။ နာမည်ကြီးပွမ်ပိုင်း(Pompeii) မြို့ကို မြှုပ်နှံခဲ့တဲ့ အေဒီ ၇၉ ခုနှစ်က မီးတောင်ပေါက်ကွဲမှုအပါအ၀င်ပေါ့။ ကမ္ဘာတစ်ဝန်း နေရောင်တွေမှေးမှိန်ခဲ့ရတာ အဆိုပါ မီးတောင်ပေါက်ကွဲမှုတွေရဲ့ ပြာတွေလွင့်စင်ဖုံးလွှမ်းမှုကြောင့်လို့ဆိုပါတယ်။ အင်ဒိုနီးရှားရဲ့ မှတ်တမ်းတွေအရ ၁၈၁၅ ခုနှစ်မှာလဲ မီးတောင်ပေါက်ကွဲမှုကြောင့် “နွေရာသီမရှိသောနှစ်တစ်နှစ်” လို့ တွေ့ရပါတယ်။ စတိုသာစ် နဲ့ ရမ်ပီနိုတို့ရဲ့ပြောကြားချက်တွေအရ ၅၃၆ ခုနှစ်မှာဖြစ်ခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုဟာ ၁၈၁၅ ခုနှစ်က ပေါက်ကွဲမှုထက် အတော်အတန်ပြင်းထန်ခဲ့တယ်လို့သိရပါတယ်။ ကျွန်တော်တို့ သူတို့ကို ယုံလို့ရမလား။

သူတို့နှစ်ယောက်ကပဲ ကမ္ဘာတစ်ဝန်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀၀ အတွင်း သစ်ပင်ကွင်းဆက်များကို ပြန်လည်လေ့လာခဲ့ရာမှာ တိုက်ဆိုင်မှုတစ်ခုကို တွေ့ရှိခဲ့ပါသေးတယ်။ ၁၉၈၈ ခုနှစ်မှာပါ။ အဲ့တုန်းကတွေ့ရှိချက်တွေအရ ပထမရာစုနှစ်အနည်းငယ်အတွင်း(အေဒီ ၅၃၆ ၀န်းကျင်မှာ) အလွန်ကျဉ်းမြောင်းတဲ့ သစ်ပင်ကွင်းဆက်တွေကို တွေ့ရှိခဲ့ပါတယ်။ ဆိုလိုတာကတော့ ထိုအချိန်မှာ သစ်ပင်တွေဟာ အလွန်အေးတဲ့အပူချိန်တွေကြောင့် ကြီးထွားမှုအင်မတန် နှေးကွေးခဲ့ရပါတယ်။

ဒါပေမယ့် ပဟေဋိဖြစ်နေတာ တစ်ခုရှိပါတယ်။ တစ်ခုခုတော့လွဲနေသေးပါတယ်။ မီးတောင်ပေါက်ကွဲတဲ့အခါမှာ မီးတောင်က ပြာမှုန်တွေနဲ့ ဆာလ်ဖာအမှုန်တွေကို လေထုအတွင်းပြန့်နှံ့စေပါတယ်။ ဒါတွေဟာ ၀င်ရိုးစွန်းတွေမှာရှိတဲ့ ရေခဲဖြစ်တည်မှုတွေအပေါ်မှာ သဲလွန်စချန်ခဲ့စမြဲပါ။ ၁၉၈၀ ခုနှစ်တုန်းကလေ့လာမှုတွေအရ ဂရင်းလန်းကျွန်းနားက ရေခဲတွေဟာ အလွန်ကြီးမားခဲ့တဲ့ ၁၂၅၇ ခုနှစ်ကမီးတောင်ပေါက်ကွဲမှုအပြင် အခြားသော မီးတောင်ပေါက်ကွဲမှုတွေရဲ့ သဲလွန်စတွေကို ပိုင်ဆိုင်ထားတာတွေ့ရှိရပါတယ်။ ဒါပေမယ့် အေဒီ ၅၃၆ ခုနှစ်ပတ်ဝန်းကျင်က မီးတောင်ပေါက်ကွဲမှုတစ်စုံတစ်ခုကိုမှ သဲလွန်စမတွေ့ရပါဘူး။

‘There was a sign in the sun the like of which had never been seen and reported before… The sun became dark and its darkness lasted for eighteen months. Each day it shone for about four hours, and still this light was only a feeble shadow. Everyone declared that the sun would never recover its full light. The fruits did not ripen and the wine tasted like sour grapes.’- MICHEAL THE SYRIAN(Chronicle, 9.296)

သစ်ပင်ကွင်းဆက်တွေကို လေ့လာကြည့်ရာမှာ အတော်ကို အံ့သြဖို့ကောင်းနေပါတယ်။ သစ်ပင်တွေကြီးထွားမှု နှေးကွေးနေခဲ့တာ ၅၃၆ ခုနှစ်ကစလို့ ၅၄၀ ကျော်နှစ်အနည်းငယ်အထိဖြစ်ခဲ့ပါတယ်။ ဒီလိုကျဉ်းမြောင်းတဲ့ သစ်ပင်ကွင်းဆက်ဟာ ဆယ်စုနှစ် တစ်ခုကျော်လောက် ဆက်တိုက်ဖြစ်ပွား ခဲ့ပါတယ်။ ဒါဟာအရမ်းကို စဉ်းစားရခက်တဲ့ အခြေအနေပါ။ ဘာလို့လဲဆိုတော့ မီးတောင်ပေါက်ကွဲမှုက လေထုထဲကို ထုတ်လွှတ်လိုက်တဲ့ ပြာမှုန်တွေနဲ့ ဆာလ်ဖာအမှုန်တွေဟာ လအနည်းငယ်အတွင်းမှာပဲ လေထုထဲမှာ ကြေပျက်ပျောက်ကွယ်သွားလေ့ရှိပါတယ်။ ဗြိတန်နိုင်ငံ၊ ဘဲလ်ဖက်စ် ရှိ ကွင်းတက္ကသိုလ်(Queen’s University)မှ ဒေါက်တာ မိုက်ကယ်ဘိုင်လီ(Micheal Baillie) က “စတူသာနဲ့ ရမ်ပီနိုတို့ရဲ့ မီးတောင်ကြောင့်လို့ပြောတဲ့ သက်သေတွေဟာ မှားနေနိုင်ပါတယ်။ အခြားဖြေရှင်းချက်တွေလဲ ရှိနေနိုင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဂျပ်စ်တင်နီယမ် ရောဂါကပ်ဘေး

Plague-of-Justinian.png

ဘယ်အရာက အေဒီ ၅၃၆ အပေါ်လူတွေပိုပြီး အာရုံစိုက်စေခဲ့တာလဲ။ ဥပမာပြောရမယ်ဆိုရင် တရုတ်မှာ မြောက်ပိုင်း ဝေ မင်းဆက် ပြိုပျက်ခဲ့တယ်။ ရေးသားဖော်ပြမှု မှတ်တမ်းတွေအရ ရာသီဥတုအအေးလွန်မှု၊ သီးနှံစိုက်ပျိုးရန်ခက်ခဲမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ ရေရှားပါးမှု၊ ပြည်တွင်းစစ်ဒဏ်တွေ ကြောင့် ဒေသတွင်းလူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းလောက်သေကြေခဲ့ရတယ်လို့သိရပါတယ်။ အခြားနိုင်ငံရေးနဲ့ ဘာသာရေးပဋိပက္ခတွေကြောင့်လဲ အများကြီးပါခဲ့ပါတယ်။

အမေရိကအလယ်ပိုင်းမှာ နာမည်ကြီးမြို့ကြီးတစ်ခုဖြစ်တဲ့ တီအိုတီဟွမ်ကမ် မြို့တော်ကြီးပျက်သုဉ်းခဲ့ရပါတယ်။ ကိုလိုရာဒိုတက္ကသိုလ်မှ မနုသဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာပေဆွန် ရှိစ်(Payson Sheets) က “ခုနှစ်အတိအကျကိုတော့ အခုထိအငြင်းပွားရှာဖွေကြဆဲပါ။ ဒါပေမယ့် အေဒီ ၅၅၀ ပတ်ဝန်းကျင်ခန့်မှာ လူတွေဟာ ဒေသတွင်းရှိ ပိရမစ်တွေပေါ်က ဘုရားကျောင်းတွေကို မီးရှို့ခဲ့ကြပါတယ်။ သူတို့ဟာ သူတို့ကို အုပ်ချုပ်သူတွေအပေါ် ယုံကြည်မှုတွေ လျော့နည်းလာပြီး သူတို့ရဲ့ ဘုရားတွေကိုပါ အယုံအကြည်မရှိတော့ပါဘူး။” ဟုပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပဲ အရှေ့ရောမအင်ပါယာတစ်ဝန်းမှာ ရောဂါကပ်ဘေးဆိုးကြီးတစ်ခုကြုံတွေ့ခဲ့ရပါတယ်။ အေဒီ ၅၄၂ ခုနှစ်က ဂျပ်စ်တင်နီယမ် တို့ရဲ့ သမိုင်းမှတ်တမ်းတင်မှုတွေအရ အဆုတ်ပိုင်းဆိုင်ရာ ပလိပ်ရောဂါကပ်ဘေးတစ်ခု ဖြစ်ခဲ့ပါတယ်။ တစ်ရက်ကို လူသေဆုံးမှုက တစ်သောင်းလောက်ရှိခဲ့ပါတယ်။ ဟောင်ကောင်တက္ကသိုလ်မှ ဒေါက်တာ ဒေးဗဒ်ရှန်(David Zhang) က “ဒီရောဂါပြန့်နှံ့မှုဟာ အေဒီ ၅၃၀ နဲ့ ၅၄၀ ကြား အအေးလွန်မှုတွေကြောင့် အတော်အတန်ပြင်းထန်ခဲ့ပါတယ်။ လူထုထူထပ်လို့သာမက လူတွေကြားမှာပါ ခုခံအားနည်းနေတဲ့အချိန်ဖြစ်သွားတာကြောင့် လူအများအပြားသေဆုံးခဲ့ရပါတယ်။” လို့ပြောကြားခဲ့ပါတယ်။

Halleys_comet.jpgဒီလိုဖြစ်ရပ်ဆန်းတွေဟာ ကမ္ဘာပေါ်မှာတင်မဟုတ်ပါဘူး။ အာကာသထဲမှာပါဖြစ်ပျက်ခဲ့ပါတယ်။ နေမင်းကြီးဟာ အလွန်အမင်းသိသိသာသာမှေးမှိန်နေခဲ့တယ်။ ဒါ့ကြောင့် ကမ္ဘာတစ်ဝန်း အပူချိန်တွေထိုးဆင်းခဲ့တယ်။ ကမ္ဘာတစ်ဝန်းနွေရာသီမရှိတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တယ်။ ရောမက စာပေမှတ်တမ်းတွေအရ လူတွေဟာ နေမင်းကြီးကို ဘယ်တော့မှမြင်ရတော့မှမဟုတ်ဘူး။ နေဘုရားသခင်ဟာ သူတို့ကို ဒေါသထွက်ပြီး အပြစ်ပေးတဲ့အနေနဲ့ ရောဂါကပ်ဘေးကိုပါ ဖြစ်စေခဲ့တယ်လို့ လူတွေက ယုံကြည်ခဲ့ကြပါတယ်။ သြစတြေးလျ မှာလဲ ဥက္ကာခဲကြီးကြီးမားမားတစ်ခုဟာ ကျရောက်ခဲ့တာကြောင့် သဘာဝဘေးအန္တရာယ်များနဲ့ကြုံတွေ့ခဲ့ရပါတယ်။

“And it came about during this year that a most dread portent took place. For the sun gave forth its light without brightness, like the moon, during this whole year, and it seems exceedingly like the sin in eclipse, for the beams it shed were not clear nor such as it is accustomed to shed.”- PROCOPIUS(Wars, 4.14.5)

တရုတ်စာပေမှတ်တမ်းတွေအရ အေဒီ ၅၃၀ မှာ ကြယ်တံခွန်တစ်ခုဟာ သူ့ရဲ့အမှီးဟာ သာမန်ဖြစ်သင့်သည်ထက် အလွန်အမင်းရှည်နေခဲ့တယ်လို့ရေးထားပါတယ်။ ထိုအရာဟာ ဟေလီကြယ်တံခွန်ဖြစ်ပါတယ်။ ဒါပေမယ့် ၇၆ နှစ်တစ်ခါ ကမ္ဘာကမြင်ရတဲ့ ကြယ်တံခွန်ဆိုတာ တစ်ခုတည်းဖြစ်တယ်ဆိုတာကို ၁၇၀၅ ခုနှစ်မှာမှ ဟေလီဆိုတဲ့လူက သိရှိခဲ့လို့ နောက်ပိုင်းမှာ ဟေလီကြယ်တံခွန်လို့အမည်မှည့်ခဲ့ပါတယ်။ တရုတ်မှာလဲ ဒီကြယ်တံခွန်ကြောင့်မို့ သူတို့ကံဆိုးမိုးမှောင်ကျခဲ့ရတယ်လို့ ယုံကြည်ခဲ့ကြကြောင်း မှတ်တမ်းတွေအရသိရပါတယ်။

ဒီလိုတိုက်ဆိုင်မှုတွေဟာ ၅၃၀ ခုနှစ်ပတ်ဝန်းကျင်မှာပဲ ကမ္ဘာအ၀န်း ဒုနဲ့ဒေးဖြစ်ပေါ်ခဲ့ပါတယ်။ ဘာ့ကြောင့်တိုက်ဆိုင်ခဲ့လဲဆိုတာကို အဖြေရှာဖို့ထက် သုတေသီတွေဟာ ဖြစ်ရပ်တစ်ခုချင်းစီအရဲ့ အကြောင်းအရင်းတွေကိုသာ ဦးစွာရှာနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ဝင်စားစရာ နှစ်တစ်နှစ်ဖြစ်တဲ့ အေဒီ ၅၃၆ အကြောင်းကို တင်ပြလိုက်ရပါကြောင်း…။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s