ဘောလုံးတွေ ဘာ့ကြောင့် ခုန်တာလဲ။

ဘောလုံးဟာ မြေကြီးပေါ်(ဒါမှမဟုတ်) နံရံတစ်ခုပေါ်ကို ကျရောက်လာပြီဆိုရင် အရှိန်တိုးလာမယ်။ Kinetic Energy ဟာလဲ တစ်ဖြည်းဖြည်းချင်း များလာမယ်။ သူဟာ နံရံ(အတားအဆီး) တစ်ခုကို တိုက်မိလိုက်ပြီဆိုတာနဲ့ ခုနကတိုးလာတဲ့ Kinetic Energy အများစုဟာ ဘောလုံးနဲ့နံရံကြားက ဖိနိပ်ခြင်းအသွင်တစ်မျိုးအဖြစ် ပြောင်းလဲသိုလှောင်ခံလိုက်ရတယ်။ တစ်နည်းအားဖြင့် Potential Energy ပေါ့။ ဥပမာ… စားပွဲတင်တင်းနစ်ဘောလုံးတစ်လုံးဟာ နံရံနဲ့ တိုက်မိမယ်(ဒါမှမဟုတ်) မြေပြင်ပေါ်ကျရောက်မယ်ဆိုပါဆို့။ ဒီလိုအချိန်မျိုးမှာ ဘောလုံးရဲ့ အပြင်နံရံအခွံဟာ နံရံနဲ့ထိတွေ့တဲ့အချိန်မှာ အနည်းငယ် ပြားသွားလိမ့်မယ်။ ပြီးတော့ အထဲမှာရှိတဲ့ ဓာတ်ငွေ့တွေကောပေါ့။ (လေတွေပါပဲ) အဲ့ဒီနောက် Kinetic Energy တွေအကုန်လုံးဟာ အသွင်ပြောင်းတာခံလိုက်ရပြီး ဘောလုံးဟာ လက်ရှိသွားနေတဲ့လားရာဘက်ကို သွားခြင်းကနေ ရပ်တန့်သွားပါလိမ့်မယ်။ ကြားထဲကဖိသိပ်အားက ဘောလုံးကို အပေါ်ပြန်လည်တွန်းကန်ပေးလိမ့်မယ်။ မျက်နှာပြင်နှစ်ခုလုံးဟာ ခတ္တခဏ ပုံစံအနည်းငယ် ယိုယွင်းသွားပါလိမ့်မယ်။ အလွန်နည်းပါးတဲ့ ပမာဏလေးဖြစ်ပေမယ့် ဒီ Potential Energy ဟာ အားတစ်ခုကိုဖြစ်ပေါ်စေပါတယ်။ အဲ့ဒီအားကပဲ ဘောလုံးကို အပေါ်ကို ပြန်တက်စေတာပါ။

ဘောလုံးဟာပြန်ကန်တက်တဲ့အချိန်တိုင်းအချက်တိုင်းမှာ သူကျတဲ့ စောင်းထောင့်အတိုင်း ခုန်တက်ပါတယ်။ ပြန်ကန်ပါတယ်။ ပြီးတော့ နောက်တစ်ချက်က ဘောလုံးဟာ သူနဂိုပြုတ်ကျလာတဲ့အမြင့်အထိ ဘယ်တော့မှ ပြန်မတက်ပါဘူး။ အဲ့ဒီအမြင့်နီးပါးအထိသာ တက်နိုင်ပါလိမ့်မယ်။ တကယ်လို့ အဲ့ဒီအမြင့်ထက်ပိုပြီး တက်စေချင်တယ်ဆိုရင်ကတော့ သင်ဟာ ဘောလုံးကို လွှတ်ချလိုက်ရုံတင်မဟုတ်ပဲနဲ့ အားတစ်ခုခုစိုက်ပြီး ပုတ်ချလိုက်ရပါလိမ့်မယ်။ ဒါပေမယ့် Thermodynamics ရဲ့ Second Law အရ စွမ်းအင်အနည်းငယ်ဟာလဲ လျော့ကျဖို့ရှိပါသေးတယ်။ ဒီကိစ္စမှာဆိုရင် “အသံ နဲ့ အပူ” ပေါ့။ ဒါ့ကြောင့်မို့ပဲ ဒုတိယအချက်ဟာ ပထမအချက်လောက် မခုန်ဘူး၊ စွမ်းအင်တွေဟာ လျော့ပါးလာတာကြောင့် အချက်တိုင်းဟာ ရှေ့ကအချက်ထက် အနည်းငယ် နိမ့်ပြီး မြောက်နေမှာဖြစ်တယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s