ပန်းတွေဟာ ဘာအတွက်တည်ရှိနေတာလဲ

ရှေးဟောင်းဘာသာရေးဒဏ္ဍာရီထဲမှာပါတာကတော့ ဒီအဖြေဟာ ရှင်းပါတယ်။ ဘုရားသခင်ဟာ သားရဲတိရိစ္ဆာန်တွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးကို အုပ်စိုးကြီးကြပ်ဖို့ သူ့ပုံစံအတိုင်း လူသားတွေကိုဖန်ဆင်းတယ်။ ပြီးတဲ့နောက် အဲ့ဒီလူသားတွေကို စိတ်ချမ်းမြေ့စေဖို့အတွက် ပန်းတွေကိုဖန်ဆင်းပေးလိုက်တယ်။ အမျိုးသမီးတွေအတွက် ပိုပြီး ရည်ရွယ်တာပေါ့။ မဟုတ်သေးပါဘူး။ အဖြေအမှန်ရှိပါသေးတယ်။

သက်ရှိတိုင်းဟာ မျိုးပွားတာ သဘာဝပါ။ သူတို့မျိုးပွားမှကို ရပါမယ်။ မျိုးစိတ်တည်တံ့အောင်ပေါ့။ ဒီထဲမှာ အချို့သော အပင်တွေနဲ့ သတ္တ၀ါတွေဟာ လိင်မဲ့(Asexual) နည်းနဲ့ မျိုးပွားလေ့ရှိပါတယ်။ သူတို့ရဲ့ ပုံတူကွဲ(Clones)တွေကို ပြုလုပ်ပြီးတော့ပေါ့။

တစ်ခြားအပင်တွေနဲ့ သတ္တ၀ါတွေကတော့ လိင် နဲ့မျိုးပွားပါတယ်။ လိင်နဲ့မျိုးပွားတာဟာ ရှုတ်ထွေးပါတယ်။ ဒါပေမယ့် ဒီနည်းရဲ့ အားသာချက်ဟာ မျိုးရိုးဗီဇအသစ်တွေ၊ ကို ပူးပေါင်းဖြစ်ပေါ်စေပါတယ်။ ပုံတူမျိုးပွားခြင်းဟာ သူ့ ရှေ့မျိုးစိတ်နဲ့ လုံးဝထပ်တူဖြစ်ပါတယ်။ လိင်နဲ့မျိုးပွားခြင်းဟာတော့ ရှေ့မျိုးဆက်တစ်ခုချင်းစီရဲ့ မျိုးရိုးဗီဇတွေ ပူးပေါင်းပါဝင်စေပါတယ်။ ဒီနည်းဟာ မတူညီကွဲပြားခြင်းတွေကိုဖြစ်ပေါ်စေပါတယ်။ အသစ်သစ်သော မျိုးစိတ်တွေကိုလဲ ပေါ်ထွန်းစေပါတယ်။ အသစ်ပေါ်ထွက်လာတဲ့ မျိုးစိတ်တွေဟာလဲ ပြောင်းလဲလာတဲ့ ကမ္ဘာကြီးကို အထောက်အကူပြုစေပါလိ့မ်မယ်။ လိုက်ရောညီထွေးဖြစ်လာစေပါလိမ့်မယ်။ ဥပမာ Global Warming ၊ ရောဂါအသစ်အဆန်းများ၊ သဘာဝဘေးအန္တရာယ်များ၊ စသဖြင့်။

လိင်ဖြင့်မျိုးပွားခြင်းဟာ မျိုးအောင်ခြင်းမအောင်ခြင်းပေါ်မှာလဲ မူတည်ပါသေးတယ်။ သစ်ပင်တွေဟာ သူတို့ရဲ့ ဆန့်ကျင်ဘက်လိင်ကို ရှာဖွေဖို့ လမ်းပတ်မလျှောက်နိုင်ပါဘူး။ ဒါ့ကြောင့်သူတို့ဟာ အကွာအဝေးတစ်ခုကနေပြီးတော့ မျိုးပွားခြင်းလုပ်ငန်းကို ဆောင်ရွက်ရပါတယ်။ ဒါကို Pollination လို့ခေါ်ပါတယ်။ အထီးတွေဟာ Stamens တွေရှိပါတယ်။ အဲ့ဒီ Stamen တွေရဲ့ထိပ်မှာရှိတဲ့ anther(၀တ်မှုန်အိတ်)လေးတွေက ၀တ်မှုန်(Pollen) လေးတွေကို ထုတ်လွှင့်ပေးပါတယ်။ တိရိစ္ဆာန်တွေမှာရှိတဲ့ သုတ်(Sperm) နဲ့ အတူတူပါပဲ။ အမတွေမှာတော့ အဲ့ဒီ Pollen တွေကိုလက်ခံပေးတဲ့ Pistils လို့ခေါ်တဲ့အရာတွေရှိပါတယ်။ ဒီလိုနည်းနဲ့ သူတို့မျိုးပွားကြတာပါ။

istock_000059525682_small.jpg

နှစ်ဘီလီယံချီတဲ့ မျိုးဆင့်ပြောင်းလဲမှုဖြစ်စဉ်တစ်လျှောက်မှာ ဒီနည်းဟာ အောင်မြင်ခဲ့ပါတယ်။ ဒီနည်းကို ပိုပြီးအလုပ်ဖြစ်စေမယ့် ဖြေရှင်းနည်းတစ်ခုကိုလဲ မျိုးဆင့်ပြောင်းလဲမှု ဖြစ်စဉ်ကြီးက တွေ့ရှိခဲ့ပါတယ်။ အဲ့ဒါဟာ ပိုးကောင်တွေပါပဲ။ ပိုးကောင်တွေ နဲ့ အပင်တွေဟာ တစ်ခုပေါ်တစ်ခု အပြန်အလှန်မှီခိုနေကြတာပါ။ ဒီအခြင်းအရာကို Symbiosis(အပြန်အလှန် အကျိုးပြုဓလေ့/သဟဇီဝန နေထိုင်ခြင်း) လို့ခေါ်ပါတယ်။ ဥပမာအားဖြင့်ပြောမယ်ဆိုရင် ပျားတွေပါပဲ။ ပျားတွေဟာ ပန်းပွင့်လေးတွေရဲ့ ဆွဲငင်ခြင်းကိုခံရပြီး သူတို့ဟာ Nectar တွေနဲ့ ၀တ်မှုန်လေးတွေကို ကူးလူးသယ်ဆောင်ပေးပါတယ်။ သူတို့ဟာ Nectar ကိုတော့ သူတို့ကိုယ်တိုင်ပဲ သောက်သုံးလိုက်ကြပါတယ်။ Pollen တွေကိုတော့ သူတို့ရဲ့ အမွှေးထူထူနဲ့ ခြေထောက်တွေမှာ သိုလှောင်ထားပါတယ်။ ပြီးတော့ ပျားရည်လုပ်မယ့် သူတို့အသိုက်ရှိရာကို ပြန်သွားတာပေါ့။ ဒီလိုပြန်နေတဲ့ လမ်းတစ်လျှောက်မှာ သူတို့ဟာ အထီးအပင်ကော အမအပင်ကော နှစ်ခုလုံးအပေါ်မှာ ကူးလူးပျံသန်းလေ့ရှိပါတယ်။ ဒီလိုနည်းနဲ့ပဲ ပန်းပွင့်လေးတွေပေါ်မှာ Pollen တွေဟာ အောင်အောင်မြင်မြင် သယ်ယူပို့ဆောင်ခြင်းခံလိုက်ရပါတယ်။

ဒါ့ကြောင့် အပင်တွေဟာ သူတို့ရဲ့ အနာဂတ်သေချာအောင် ပန်းပွင့်လေးတွေကို ပိုင်ဆိုင်ထားရခြင်းဖြစ်ပါတယ်။ ဒီပန်းပွင့်လေးတွေဟာ ဒီနေရာမှာ အစာရှိတယ်ဆိုတာကို စားသောက်ဆိုင်က နီယွန်မီးတွေအလား ပိုးကောင်လေးတွေကို ဆွဲဆောင်နေပါတော့တယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s