ကစဥ့်ကလျား ဖြစ်ခြင်း (သို့ မဟုတ်) Chaos Theory(Butterfly Effect)
ကျွန်တော်တို့  ဘေးပတ်ဝန်းကျင်က ကစဥ့်ကလျား ဖြစ်နေတယ် ဆိုတာ လက်ခံပါသလား။
အခု ကျွန်တော်တို့ အိမ်က ကားတွေကို တစ်နာရီ မိုင် ဘယ်လောက် သွားနိုင်တယ် လို့ ဆိုပြီး ရောင်းတယ် ဝယ်တယ် စသည်ဖြင့် လုပ်ပါတယ်။ ဒါပေမယ့် အဲဒီ မော်တော်ကားတွေက တကယ်ရော အဲလောက် မောင်းနိုင်လား အဲလောက် အမြန်နှုန်း သွားမလား။ ဥပမာ ကားတစ်စီးက တစ်နာရီ မိုင် ၁ဝဝ သွားနိုင်တယ် ဆိုရင် အပြင်မှာ သွားရင် တကယ် အဲလောက်မရဘူးဗျ။ အပြင်မှာ ရထားလမ်း ပိတ်မယ် မီးပွိုင့်မိမယ် Slow Down တွေ့လို့ အရှိန်လျှော့လိုက်မယ် စသည်ဖြင့်ပေါ့။ အဲဒီ အခြေအနေတွေကြောင့် တကယ် ကိုယ်လိုချင်တဲ့ အမြန်နှုန်းကို မရောက်နိုင်ဘူးဗျ။ ဒီလိုဆိုရင် Highway လမ်းမတွေ ဆိုရင်ရောလို့ မေးမှာပါ။ အဲဒီ လမ်းတွေမှာတောင် TollGate ရပ်တာတို့ လမ်းမှာနွားတွေ့လို့ ရပ်လိုက်တာတို့ မရှိဘူးလား ဗျာ။
အဲလို ခန့် မှန်းဖို့ ခက်ခဲတဲ့ Theory ကို Chaos Theory လို့ လည်း ခေါ်ပါတယ်။ Chaos Theory ဆိုတာ တစ်နည်းအားဖြင့် သင်္ချာဘာသာရပ်နဲ့ တစ်ခုပဲ။ ဘယ်မှာ သုံးလဲဆိုတော့ အထူးသဖြင့် မိုးလေဝသမှာ အသုံးပြုတာ များပါတယ်။ စတင်တွေ့ရှိတဲ့သူကတော့ Edward Norton Lorenz ဖြစ်ပါတယ်။ သူကတော့ မိုးလေဝသပညာရော သင်္ချာဘာသာမှာပါ ထူးချွန်တဲ့လူတစ်ယောက်ပါ။ Chaos Theory ဆိုတာ တစ်နည်းအားဖြင့် ကနဦးအစပိုင်းမှာ ဖြစ်တဲ့ ဖြစ်စဉ်ပေါ်မူတည်ပြီးတော့ နောက်ပိုင်းမှာ အရမ်းကို ကွာခြားတဲ့ အဖြစ်အပျက်တွေကို ဖြစ်ပေါ်စေပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ လူသားတွေကိုကြည့်ပါ။ မွေးဖွားလာတာက မိခင်ဗိုက်ထဲကသာ မွေးဖွားလာပါတယ်။ ဒါပေမယ့် အစ်ကို ဖြစ်စေ အစ်မဖြစ်စေ တစ်ယောက်မဟုတ်က ဘယ်သူနဲ့မှ ချွတ်စွတ်မတူပါဘူး။ အမွှားပူးတောင်မှ ကွဲပြားတဲ့ အမှတ်အသားတွေရှိပါသေးတယ်။
Chaos (ကစဥ့်ကလျား ဖြစ်ခြင်း)- ယခုအခြေအနေပေါ် မူတည်ပြီးတော့ အနာဂတ်ကို ဆုံးဖြတ်နိုင်ပါတယ် ဒါပေမယ့် ယခုအခြေအနေရဲ့ အနီးစပ်ဆုံးပေါ်မူတည်ပြီး အနာဂတ်ကို အနီးစပ်ဆုံး ဆုံးဖြတ်လို့ မရပါဘူး။
Chaos နိယာမ
Butterfly Effect
Brazil နိုင်ငံမှာ ရှိတဲ့ လိပ်ပြာတစ်ကောင် တောင်ပံ ခတ်လိုက်တာက အမေရိကန် ပြည်ထောင်စုမှာ မုန်တိုင်းဖြစ်စေတယ် ဆိုတာ ဟုတ်နိုင်ပါသလား။ Lorenz စတင်ပြသတုန်းက မဖြစ်နိုင်တဲ့ အတွေးလို့ တွေးခဲ့ပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ သူတို့ နှစ်ခုခြား ချိတ်ဆက်မှု ရှိပါတယ်။ လိပ်ပြာ တစ်ကောင်က အချိန်နဲ့ နေရာတစ်ခုခုမှာ တောင်ပံမခတ်ခဲ့ရင် မုန်တိုင်းမဖြစ်လာပါဘူး။ တိုက်ဆိုက်မှုလို့ဘဲ ဆိုရမလားပေါ့လေ။ အနည်းငယ်ပြောင်းလဲမှုဟာ ကြီးမားသော ပြောင်းလဲမှု ဖြစ်နိုင်ပါတယ်။ တစ်ဖက်စဉ်းစားကြည့်ရင်လည်း လိပ်ပြာတောင်ပံ ခတ်လိုက်တာဟာ မုန်တိုင်းဖြစ်စေတာဖြစ်နိုင်သလို မုန်တိုင်းမဖြစ်နိုင်အောင်လည်း တားဆီးပေးတာရော မဖြစ်နိုင်ဘူးလား လို့ တွေးမိမှာပါ။
ခန့် မှန်းလို့ မရခြင်း
ရှုပ်ထွေးလွန်းလှတဲ့ စနစ်တစ်ခုမှာ လက်ရှိအခြေအနေပေါ်မူတည်ပြီး အနာဂတ်ကို မခန့်မှန်းနိုင်ဘူး။ ဘာလို့ လဲဆိုတော့ လက်ရှိအခြေအနေမှာ ပြီးပြည့်စုံတဲ့ အခြေအနေ (Perfect Condition) ကို မသိရလို့ Perfect Resultant ကို လည်း မရနိုင်ပါဘူး။ တချို့ခန့်မှန်းမှုတွေက နည်းနည်းလေး လွဲနေတာ ရှိသလို အလွဲကြီးလွဲနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တိကျသေချာတဲ့ မိုးလေဝသ ခန့် မှန်းမှု လည်း မဖြစ်လာနိုင်ပါဘူး။
အစီအစဉ်ကျမှု/ ပရမ်းပတာဖြစ်ခြင်း
Chaos ဆိုတာ အံ့သြစွာ ဖြစ်ပေါ်လာသော အစီအစဉ်ကျမှုနဲ့  ပရမ်းပတာ ဖြစ်ခြင်းတို့ ကြားထဲ မှာတည်ရှိတာပါ။
တန်ပြန်သက်ရောက်မှု
စနစ်တစ်ခုဟာ တစ်ခုနဲ့ တစ်ခု တန်ပြန်သက်ရောက်နေပြီဆိုရင် Chaos ဖြစ်လာပါပြီ။ ဥပမာ Stock ဈေးကွက် အတက်အကျဟာ လူတွေရောင်းတာ ဝယ်တာနဲ့ သက်ဆိုင်ပါတယ်။
သင်္ချာနိယာမတွေက လက်တွေ့ကို ချဉ်းကပ်လာပြီဆိုရင် အဖြေမှန်ဖို့ မသေချာတော့ဘူး။ ဒီလိုဘဲ အလွန်သေချာနေတဲ့ သင်္ချာအဖြေကလည်း လက်တွေ့ မဆန်လှဘူးဗျ။
ဒါကို ဘယ်သူပြောတယ်ထင်လဲ ကျွန်တော်တွေးတယ်မထင်ပါနဲ့  Albert Einstein က သူ Chaos Theory နဲ့ ပတ်သက်တာကို ပြောပြခဲ့တာပါ။
References……….
http://www.abarim-publications.com/ChaosTheoryIntroduction.html#.VDbJt3kYXtA
http://www.FractalFoundation.org/WhatisChaosTheory
Advertisements
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s