ဘာမြူဒါ တြိဂံဆိုသည်မှာ လူပြောများသော ကောလဟလ တစ်ခုသာဖြစ်သည်။

Bermuda_Triangle

ဘာမြူဒါတြိဂံဆိုတာကို အားလုံးပဲကြားဖူးကြပါတယ်။ သူနဲ့ပတ်သတ်တဲ့ ပုံပြင်တွေ၊ ဆောင်းပါးတွေ၊ ရုပ်ရှင်တွေဆိုတာလဲ မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း ဒုနဲ့ဒေးပါပဲ။ သူ့ရဲ့ ဧရိယာကတော့ အမေရိကန်နိုင်ငံ မီယာမီမြို့၊ အတ္တလန်းတစ်သမုဒ္ဒရာထဲက ဘာမြူဒါကျွန်နဲ့၊ ဘရာဇီးက ပေါ်တာရီကို တို့ကို ထောင့်သုံးထောင့်မှာထားထားပြီး တြိဂံပုံသဏ္ဍာန်မှာရှိပါတယ်။ အကျယ်အဝန်းဖြင့်တော့ ၅၀၀,၀၀၀ စတုရန်းမိုင်ကျယ်ပါတယ်။ အချို့ကလဲ ၁,၅၁၀,၀၀၀ စတုရန်းမိုင်ထိကျယ်တယ်လို့ ဖော်ပြကြပါသေးတယ်။ ကျွန်တော်တို့ဟာ သူနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာ နားထောင်ဖူး၊ ဖတ်ဖူးကြပါတယ်။ ထိုဧရိယာထဲ ဝင်သွားတဲ့ လေယာဉ်တွေ၊ သင်္ဘောတွေဟာ အစအနတောင် ရှာလို့မရအောင် ပျောက်ပျက်သွားလေ့ရှိကြတယ်ဆိုကို မကြာခန ကြားမြင်နေရပါတယ်။ ဒါပေမယ့်….. ဒီအချက်တွေဟာ ရသတစ်ခုအနေနဲ့ ဖတ်လို့ကောင်းတဲ့ ယုံတမ်းပုံပြင်တွေသာဖြစ်ပြီးတော့ ဘယ်နိုင်ငံအာဏာပိုင်တွေကမှ အဲ့ဒီနေရာကို အထူးတလည် ထည့်သွင်းစဉ်းစားလေ့မရှိပါဘူး။ အခုဆိုရင် အဲ့ဒီ ဧရိယာကနေ ဖြတ်သန်းသွားလာနေတဲ့ လေယာဉ်တွေ၊ သင်္ဘောတွေဟာလဲ နေ့စဉ် ထောင်နဲ့ချီပြီးရှိနေပါတယ်။ လက်တင်အမေရိက ကနေ၊ ဥရောပဘက်ကို သွားမယ်ဆိုရင် များသောအားဖြင့် ထိုဧရိယာကို ဖြတ်သန်းကြရတာပဲ မဟုတ်ပါလား။

ဘာမြူဒါတြိဂံအကြောင်းကို အစလိုက်ရမယ်ဆိုရင် သူဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ စပြီးတော့ ကမ္ဘာတစ်လွှား သတင်းမွှေးခဲ့တာပါ။ ဒီအချက်ဟာ statistics လို့ခေါ်တဲ့ အချက်အလက်တွေကြောင့်သာဖြစ်ပါတယ်။ ကမ္ဘာတစ်လွှား သမုဒ္ဒရာအနှံ့မှာ သင်္ဘောတွေ မြုပ်ကြပါတယ်။ လေယာဉ်တွေ ပျက်ကျလေ့ရှိကြပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်အတွင်းမှာ ထိုနေရာဟာ အသွားအလာအများဆုံး နေရာတစ်ခုဖြစ်နေပါတယ်။ အမေရိကန်တွေက မဟာမိတ်တပ်တွေကို လာကူညီဖို့ ဥရောပစစ်မြေပြင်ကို လာရာမှာ ထိုလမ်းကြောင်းကိုသာ အသုံးပြုရပါတယ်။ ထို့အပြင် ထိုခေတ်ဟာ တိုက်လေယာဉ်တွေကို နည်းစနစ်အသစ်တွေနဲ့ စတင်သုံးစွဲကြတဲ့ အချိန်အခါဆိုတော့ လေယာဉ်မှုးတွေဟာလဲ ကျွမ်းကျင်ပိုင်နှိုင်မှုဟာ မပြည့်စုံခဲ့ပါဘူး။ ဒီလိုနည်းနဲ့ပဲ ထိုနေရာမှာ လေယာဉ်ပျက်ကျမှု၊ သင်္ဘောမြုပ်မှုတွေ အမြောက်အမြား ပေါ်ပေါက်ခဲ့ပါတယ်။

ဘာမြူဒါတြိဂံနဲ့ပတ်သက်ပြီး စတင်ရေးသားသူကတော့ အက်ဒ်ဝါ့ ဗန်(Edward Van) ဆိုသူဖြစ်ပြီး စက်တင်ဘာ ၁၇၊ ၁၉၅၀ ခုနှစ်ထုတ် The Miami Herald သတင်းစာပါ သူ့ဆောင်းပါးမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ နှစ်နှစ်အကြာမှာတော့ Fate မဂ္ဂဇင်းက Sea Mistery at our Back Door ဆိုပြီးတော့ George X ရဲ့ ဆောင်းပါးကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ထိုဆောင်းပါးမှာဖော်ပြထားတာကတော့ Flight 19 ဆိုတဲ့ U.S. Navy ဗုံးကြဲလေယာဉ်တစ်စီးဟာ အစအနမတွေ့အောင် ပျောက်ဆုံးနေတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ၁၉၆၂ ခုနှစ်မှာ ထိုလေယာဉ်ရဲ့ အစိတ်အပိုင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီလိုနဲ့ ဘာမြူဒါတြိဂံဟာ ရသခံစားတတ်သူ လူသားတို့အကြား ရေပန်းစားလာပြီး အခုဆိုရင် အချို့သော ရုပ်သံအစီအစဉ်တွေကပါ မှတ်တမ်းဗီဒီယိုတွေအနေနဲ့ ထုတ်လွှင့်လာကြပါတယ်။ ဒီလိုလုပ်တဲ့အတွက်လဲ ကြည့်ရှုသူများပြားလှတာကြောင့် သူတို့ဝင်ငွေကောင်းခဲ့ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ ပုံပြင်တွေဟာ ပိုမို ကျယ်ပြန့်လာပြီး ဘာမြူဒါတြိဂံဟာ ဂြိုဟ်သားတို့ သိမ်းပိုက်ထားတဲ့နေရာ၊ ကမ္ဘာ့အထဲကို သွားလာတဲ့နေရာ၊ စကြဝဠာအတွင်း အခြားတစ်နေရာကို သွားလာတဲ့နေရာ စသဖြင့် အလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ ခေါင်းစဉ်တွေတပ်လာကြပါတယ်။ သို့ပေမယ့် ထိုနေရာကို နေ့စဉ်နဲ့အမျှ ဖြတ်သန်းသွားလာနေကြသူတွေအနေနဲ့ကတော့ ထိုနေရာဟာ သာမန် သမုဒ္ဒရာတစ်ခုသာဖြစ်ပြီး ကမ္ဘာတစ်ဝန်းသမုဒ္ဒများမှာ တွေ့နိုင်တဲ့ တိမ်တောက်ခြင်း၊ လှိုင်းထန်ခြင်း၊ လင်းပိုင်လေးများ မြူးတူးခြင်း စသည်တို့ကိုသာ တွေ့နေရပါတယ်။

အချုပ်အနေနဲ့ ပြောရမယ်ဆိုရင် ဘာမြူဒါတြိဂံအကြောင်းကို စိတ်ဝင်စားဖွယ်ဖော်ပြတဲ့ မီဒီယာတွေဟာ ကမ္ဘာက လေးစားရတဲ့ ယုံကြည်ရတဲ့ မီဒီယာတွေ၊ စာရေးဆရာတွေ မဟုတ်ပါဘူး။ မီဒီယာကြီးတွေကို ဘဏ္ဍာရေးအရ ယှဉ်ပြိုင်ဖို့ကြိုးစားနေတဲ့ စီးပွားဖြစ် မီဒီယာတွေသာဖြစ်ပါတယ်။ သမုဒ္ဒရာကြီးဟာ ကျယ်ပြန့်လွန်းပါတယ်။ ကောက်ရိုးပုံထဲ အပ်ရှာရင်တောင် နေ့ချင်းတွေ့နိုင်ပေမယ့် သမုဒ္ဒရာအတွင်း ပျောက်ဆုံးသွားသောအရာများကို တွေ့နိုင်ရန်မလွယ်ပါ။ လှိုင်းဒဏ်လေဒဏ်များကြောင့် နီးစပ်ရာကိုလဲ အတိအကျမခန့်မှန်းနိုင်ပါ။ အစိတ်အပိုင်းများဟာ ပင်လယ်ရေအောက် အလွန်အင်မတန် နက်နဲသော နေရာများကို ရောက်ရှိပြီး ပြင်းထန်လှစွာသော ဖိအားကိုလဲ ခံနေရလောက်ပါတယ်။ ကမ္ဘာကြီးမှာ အခြား အံ့အားသင့်စရာတွေအများကြီးရှိပါသေးတယ်။ ကျွန်တော့်အတွက်ကတော့ ပင်လယ်ရေမျက်နှာပြင်အောက်ဆုံး ကျွန်ုပ်တို့ မခံနိုင်တဲ့ ဖိအားတွေကြီးစိုးနေတဲ့ နေရာဟာ ပိုပြီး လွန်စွာ အံ့အားသင့်ဖွယ်ကောင်းနေပါသေးတယ်။

အယုံလွယ်သော စိတ်များနှင့် ကင်းဝေးကာ စဉ်းစားချင့်ချိန်နိုင်စွမ်းများ တိုးတက်လာစေကြောင်း ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်။

~ သာထက်အောင်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s