MIT မှတီထွင်လိုက်သော အဝေးမှကိုင်တွယ်နိုင်တော့မည့် inForm နည်းပညာ

ကျွန်တော်တို့ဟာ အခုဆိုရင် touchscreen ကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါတယ်။ ဒါပေမယ့် MIT က အခုတီထွင်လိုက်တဲ့ inForm နည်းပညာဟာ ရှိနှင့်ပြီးသား touchscreen ထက်ကို အများကြီးရှေ့ရောက်နေပြန်ပါတယ်။ အဝေးကနေ ပစ္စည်းတွေရဲ့ ပုံစံတွေကို ပြောင်းလဲနိုင်ပါတော့မယ်။ ဒီနည်းပညာကို တီထွင်လိုက်သူတွေကတော့ MIT တက္ကသိုလ်မှ Daniel Leithinger နဲ့ Sean Follmer တို့က ပရော်ဖက်ဆာ Hiroshi Ishii ရဲ့ အကြံပေးမှုနဲ့ တီထွင်ခဲ့ပါပြီ။

3021522-inline-inform45.jpgဒီနည်းပညာရဲ့ သဘောတရားကတော့ ရိုးရှင်းပြီး နားလည်ဖို့ မခက်လှပါဘူး။ ကြမ်းပြင်ပေါ်မှာ စီစီရီရီထားထားတဲ့ ပင်လေးတွေကို အဓိက အသုံးပြုသွားခြင်းပါ။ ပုံကို ကြည့်ရှုနိုင်ပါတယ်။ ဒီပင်လေးတွေဟာ အနီးနားက ကွန်ပြုတာတစ်လုံးနဲ့ ချိတ်ဆက်နေပြီးတော့ Microsoft ရဲ့ Kinect နည်းပညာကို အဓိက အခြေခံထားခြင်းပါပဲ။

ဒီနည်းပညာကို အသုံးပြုပြီးတော့ Skype Chat နေတဲ့ လူနှစ်ယောက်ဟာ အခြားသော အရာတွေကိုလဲ အတူတူပြုလုပ်နိုင်ပါလိမ့်မယ်။ ဥပမာ လက်ဆွဲနှုတ်ဆက်ခြင်း၊ High Five လုပ်ခြင်း၊ ပစ္စည်းတစ်ခုကို ကိုင်တွယ်ခြင်း စသည်တို့ကို ပြုလုပ်နိုင်ပါတော့မယ်။

ဒါကတော့ 3D မော်ဒယ်တွေကို လှုပ်ရှားနိုင်အောင် ပြုလုပ်လိုက်ခြင်းပါပဲ။ “လူသားတွေအနေနဲ့… ကျွန်တော်တို့ဟာ ကိုယ်ရဲ့ အဝေးမှာ ရှိတဲ့ အရာတွေကို ကိုင်တွယ်ချင်ကြပါတယ်။ ဒီမှော်ပညာကြီးကို အသက်သွင်းဖို့အတွက် ဒါဟာ ခြေလှမ်းအစပါပဲ။” ဟူ၍ တီထွင်သူတစ်ဦးဖြစ်သူ Follmer က ပြောကြားခဲ့ပါတယ်။

3021522-inline-750-hand.gif

Advertisements

One response to “MIT မှတီထွင်လိုက်သော အဝေးမှကိုင်တွယ်နိုင်တော့မည့် inForm နည်းပညာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s