ကာဒေရှပ်စကေး(Kardeshev Scale)

စတားဝါးရုပ်ရှင်တွေထဲ ကကြယ်စုဝေးအင်ပါယာတွေ၊ ဧရာမကြယ်ပျံယာဉ်ကြီးတွေ၊ အထူးသဖြင့် ကျွန်တော်တို့ကမ္ဘာမြေလိုဂြိုလ်တွေကိုအငွေ့ပြန်စေနိုင်လောက်အောင်အဖျက်စွမ်းအားပြင်းထန်လှတဲ့သေမင်းတမန်လက်နက်(Deathstar)ကြီးတွေ၊ စတဲ့ခေတ်လွန်နည်းပညာမျိုးစုံကိုစာဖတ်သူတို့အကျွမ်းတ၀င်ဖြစ်မယ်လို့ထင်ပါတယ်။ဒါပေမယ့်ဒီလို ထူးဆန်းပြီးစိတ်ကူးယဉ်ဆန်တဲ့ ယန္တာရားတွေက တကယ်ရော ယုတ္တိရှိ့ပါရဲ့လား? ဒေါ်လာဘီလီယံနဲ့ချီပြီးအကုန်အကျခံရိုက်ကူးထားတဲ့ ဟောလီးဝဒ်ဇာတ်လမ်းတွေက မျက်မှောက်ခေတ်သိပ္ပံရဲ့တိုးတက်မှုကိုရော ဘယ်လောက်အထိ ထင်ဟပ်ပါသလဲ။ သိပ္ပံနည်းကျ ညဖြစ်နိုင်ချေရှိတယ်ဆိုရင် ကော ဒီလို နည်းပညာတွေကိုလက်တွေ့အသုံးချနိုင်ဖို့ ဘယ်လောက်အထိစောင့်ရမလဲ။ ဒီမေးခွန်းတွေကို ဖြေနိုင်ဖို့အတွက် သိပ္ပံလွန်ဇာတ်လမ်းတွေထဲက လူ(သို့)ဂြိုလ်သားအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့လက်ရှိလူ့အဖွဲ့အစည်းတို့ရဲ့ စွမ်းအင်ဖြုန်းတီးသုံးစွဲနိုင်မှုအခြေအနေကွာဟမှုကို ယောဘုယအဖြစ်ခန့်မှန်းနိုင်မယ့်အတိုင်းအတာတစ်ခုလိုပါတယ်။

အဲ့ဒီအတိုင်းအတာကတော့၁၉၆၄ခုနှစ်မှာ နီကိုလိုဟ် ကာဒေရှပ်(Nikolai Kardeshev) ဆိုသူ ရူပနက္ခတဗေဒပညာရှင်တစ်ဦး ကအဆိုပြုတင်သွင်းခဲ့တဲ့ကာဒေရှပ်စကေး(Kardeshev Scale)ပဲဖြစ်ပါတယ်။ ဒီစကေးမှာတော့အဖွဲ့အစည်းတွေကို ၄င်းတို့ရဲ့စွမ်းအင်သုံးစွဲပမာနအလျောက်အမျိုးအစား (၁)၊(၂)၊(၃) စသည်ဖြင့်သတ်မှတ်ထားပါတယ်။ဒီအမျိုးအစားတွေဟာ ယဉ်ကျေးမှုအဖွဲ့အစည်း(civilization)တွေရဲ့ နည်းပညာတိုးတက်မှုနဲ့စွမ်းဆောင်နိုင်ရည်တွေကိုလည်းကိုစားပြုပါတယ်။ ကျွန်တော်အထူးသတိပေးချင်တာက အခုဖော်ပြမယ့် အံ့ဖွယ်နည်းပညာတွေဟာ မျက်မှောက်ခေတ်နဲ့စာရင်တော့ အရမ်းအလှမ်းဝေးပြီးယုတ္တိမရှိဘူးလို့ ထင်ကောင်းထင်ရပေမယ့် အခြေခံထားတဲ့သိပ္ပံနိယာမများ အရဖြစ်နိုင်ချေရှိတယ်ဆိုတာပါပဲ။ အကြမ်းအားဖြင့်တော့အမျိုးအစား(၁)အဖွဲ့အစည်းတွေဟာသူ့တို့ရဲ့မိခင်ဂြိုလ်မှာရှိတဲ့ သယံဇာတအတွေအကုန်လုံးကိုအသုံးချနိုင်ပါတယ်။ အမျိုးအစား(၂)အဖွဲ့အစည်းတွေကတော့ ဒီ့ထက်တစ်ဆင့်မြင့်ပြီး သူတို့ရဲ့မိခင်ကြယ်ရဲ့နူကလိယစွမ်းအင်အကုန်ကိုထုတ်ယူနိုင်စွမ်းရှိပါတယ်။ အမျိုးအစား(၃)အဖွဲ့အစည်းတွေ အနေနဲ့တော့ အကြယ်အစုဝေးတစ်ခုလုံးမှာရှိတဲ့ စွမ်းအင်ကို စိတ်ကြိုက်ချယ်လှယ်နိုင်တဲ့အထိတတ်ကျွမ်းပါတယ်။

type 1

ကာဒေရှပ်စကေးအရ အမျိုးအစား(၁)အဖွဲ့အစည်းတွေဟာ စွမ်းအင်အနေနဲ့တစ်စက္ကန့်ကို၁၀၁၆၀ါ့ဒ် မှ ၁၀၁၇ ၀ါ့ဒ် အကြားသုံးစွဲနိုင်ကြပါတယ်။ နှိုင်းယှဉ်ပြီးပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့၂၁ရာစု လူ့အဖွဲ့အစည်းအနေနဲ့တစ်စက္ကန့်ကို ၄x၁၀၁၂ ၀ါဒ့်သာသုံးစွဲနိုင်ပါသေးတယ်။ ရူပနက္ခတဗေဒပညာရှင် ကားလ်ဆေဂန်(Carl Sagan) ကတော့                         1

ဆိုတဲ့ဖော်မြူလာ (K=ကာဒေရှပ်စကေးအရအဖွဲ့အစည်းအမျိုးအစား၊ P=သုံးစွဲသည့်စွမ်းအင်ပမာဏ (၀ါဒ့်)) အရ လက်ရှိလူ့အဖွဲ့အစည်းဟာ အမျိုးအစား ၀.၇ ကျော်ကျော်ရောက်ရှိနေပြီ လို့ဆိုပါတယ်။ အမျိုးအစား(၁)အဖွဲ့အအစည်းတွေဟာ မိခင်ဂြိုလ်မှာကျရောက်တဲ့သဘာဝကပ်ဘေး၊အန္တရာယ်- ဥပမာ စူပါမိုးကြိုးမုန်တိုင်း၊မီးတောင်၊ငလျင် စတဲ့ဟာတွေအားလုံးကို ထိန်းချုပ်နိုင်ရုံသာမကပဲ ပင်လယ်သမုဒ္ဒရာရေပြင်ပေါ်တွင်လည်း မြို့များတည်ထားနိုင်ကြပါတယ်။ ဟိုက်ဒရိုဂျင်အက်တမ်နှစ်လုံးဓာတ်ပြု၍ ဟီလီယမ်အက်တမ်ထွက်ရှိသည့်Fusion process အရလည်း သမုဒ္ဒရာရေထုထည်ကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် စကြာဝန္တာအတွင်း မှာ သဘာဝအလျောက်တည်ရှိနေတဲ့ ဆန့်ကျင်ဖက်ဒြပ်(anti-matter) ကိုစုဆောင်းနဲ့မယ့် နည်းပညာတွေလည်း ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နိုင်ပါတယ်။

stage-2အမျိုးအစား(၂)အဖွဲ့အစည်းတွေကတော့ စွမ်းအင်အနေနဲ့၎x၁၀၂၆၀ါဒ့်အထိသုံးစွဲနိင်ကြပါတယ်။ ကြယ်များကိုဝိုင်းပတ်ကာယံထားပြီး ထိုကြယ်မှထုတ်လွှတ်တဲ့စွမ်းအင်ကို အလေအလွင့်မရှိစုပ်ယူနိုင်တဲ့ စိတ်ကူးယဉ်ဆန်ဆန်နေစွမ်းအင်သုံးစလောင်းအစုအဝေး ခေါ် Dyson Sphere များမှာလည်း အမျိုးအစား(၂)အဖွဲ့အစည်းတွေရဲ့ ဧရာမစွမ်းအင်လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်မယ့် နည်းပညာတစ်ခုဖြစ်ပါတယ်။ အခြားနည်းတွေကတော့ ကြယ်ဆီမှဒြပ်ထု ကိုတိုက်ရိုက်ထုတ်ယူခြင်း၊ တွင်းနက်ထဲသို့ကြယ်တစ်လုံးကိုထည့်ကျွေးရမှ ထွှက်ရှိသောဖိုတွန်များကိုစုဆောင်းခြင်း၊ ဒြပ်နှင့်ဆန့်ကျင်ဖက်ဒြပ်တို့ကို သင့်လျော်စွာထိန်းသိမ်းဓာတ်ပြုစေ၍ ဖြစ်ပေါ်လာသော မဟာပေါက်ကွဲမှုမှ စွမ်းအင်ရယူခြင်း၊ အဆုံးစွန်အားဖြင့်စကြာဝန္တာအတွင်းမှာမကြာခဏဖြစ်ပွားလေ့ရှိတဲ့ ဂါမာစွမ်းအင်ပေါက်ကွဲမှုများကိုဖမ်းယူခြင်း စသည်တို့ပဲဖြစ်ပါတယ်။ အမျိုးအစား(၂)အဖွဲ့အစည်းတွေဟာ ခေတ်မီတဲ့နည်းပညာတွေကိုအသုံးပြုပြီး ကြယ်များပေါက်ကွဲခြင်း(supernova)၊ဥက္ကာခဲဝင်ဆောင့်ခြင်း စတဲ့နက္ခတ်တာရာဘေးဥပါဒ်များ ကိုပင် အလွယ်တကူရှောင်ကျဉ်နိုင်စွမ်းရှိပါတယ်။ ၄င်းတို့ရဲ့ဧရာမစွမ်းအင်သယံဇာတများကို အသုံးချပြီး စကြာဝန္တာရဲ့အချိန်နေရာဖွဲ့စည်းပုံကိုတွန့်လိမ်စေကာ တီကောင်တွင်း(wormhole) များကိုဖန်တီးပြီး စကြာဝန္တာအတွင်းလျင်မြန်စွာ ခရီးနှင်နိုင်ကြပါတယ်။

topic-01-02

အမျိုးအစား(၃)အဖွဲ့အစည်းတွေအနေနဲ့တော့ ဆိုခဲ့ပြီးသားနည်းပညာတွေကို ကြယ်စုဝေးအတိုင်းအတာဖြင့်ဆောင်ရွက်နိုင်ပါတယ်။ ကာဒေရှပ်နောက်ပိုင်း ပေါ်ထွန်းလာတဲ့သိပ္ပံပညာရှင်တွေ၊ရူပဗေဒပညာရှင်Michio Kaku ကဲ့သို့အနာဂတ်ဝါဒီတွေ၊Isaac Isimov ကဲ့သို့သိပ္ပံဝတ္ထုစာရေးဆရာတွေ စသူတို့က နဂိုမူလစကေးကို ချဲ့ထွင်ကာအမျိုးအစား(၅)အဖွဲ့အစည်းများအထိ ဖော်ပြခဲ့ပါတယ်။ ၄င်းအဖွဲ့အစည်းများမှာ စကြာဝန္တာရဲ့အခြေခံနိယာမ များကိုပင်ပြောင်းလဲရုံသာမကာဘဲ မျဉ်းပြိုင်စကြာဝန္တာ(multiverses) များကိုပင် ဖန်တီးနိုင်လိမ့်မည်ဟု ထိုသူတို့ကယုံကြည်ကြပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ သိပ္ပံဗဟုသုတ ကိုလက်တွေ့အသုံးချကာ စကြာဝန္တာအတိုင်းအတာအရ ချယ်လှယ်ပြီး ထာဝရဘုရားသခင်သဖွယ်စွမ်းအင်တွေကို ပိုင်ဆိုင်လာတာမျိုးပေါ့။

ကျွန်တော်တို့လက်ရှိလူ့အဖွဲ့အဆီးနေနဲ့အဲ့ဒီအဆင့်တွေ ကိုရောက်ရှိနိုင်ဖို့က အင်မတန်(အင်မတန်)အလှမ်းဝေးပါသေးတယ်။ ကျွန်တော်တို့ဟာ စွမ်းအင်အတွက် ရုပ်ကြွင်းလောင်စာတွေ အပေါ်မှီခိုနေရဆဲပါ။ ပြီးတော့ အခြားများပြားလှတဲ့အဟန့်အတားတွေကိုလည်းကျော်ဖြတ်ရဦးမှာပါ။ အထူးသဖြင့်ဘာသာရေးစစ်ပွဲတွေ၊ Ideologyကွဲပြားခြားနားမှုတွေ၊ မျိုးချစ်စိတ်ဓာတ်လွန်စွာပြင်းတန်မှု စသည့်အစွန်းရောက်မှုတွေတို့ဟာ ကျွန်တော်တို့ လူသားမျိုးနွယ်ရဲ့တိုးတက်မှုရဲ့ အစိကရန်သူတော်တွေဖြစ်ပါတယ်။ ဒါ့အပြင် ကြီးနိုင်ငယ်ညှင်းစီးပွားရေးစနစ်ကို ဖျောက်ဖျက်ဖို့လည်းလိုအပ်သလို ကမ္ဘာ့အစိုးရအုပ်ချုပ်ရေးစနစ်တစ်ခုခုကို စိုက်ထူဖို့လည်းလိုအပ်ပါတယ်။ ကြိုးမျှင်သီအိုရီအထူးပြုရူပဗေဒပညာရှင် နှင့် အနာဂတ်ဝါဒီတစ်ဦးလည်းဖြစ်သော မစ်ချီရို ကာကူ(Michio Kaku)ကမူ ကျွန်တော်တို့လူ့အဖွဲ့အစည်း ဟာနှစ် ၁၀၀ မှ ၂၀၀ အတွင်း အမျိုးအစား(၁) အဖွဲ့အစည်းသို့ ကူးပြောင်းလိမ့်မည်ဟု ဟောကိန်းထုတ်ထားပါတယ်။ ဒါပေမယ့်ဒီကူးပြောင်းမှု အမှန်တကန်ဖြစ်ပေါ်ဖို့က ကျွန်တော် တို့၂၁ရာစုလူသားအားလုံးရဲ့ ချွင်းချက်မရှိပူးပေါင်းပါဝင်မှုပေါ် အင်မတန် မူတည်လျက်ရှိပါတယ်။

 

Advertisements

One response to “ကာဒေရှပ်စကေး(Kardeshev Scale)

  1. Pingback: ကျွန်တော်တို့ကို ဆက်သွယ်နေကြပြီလား။ SETI သည် အခု အာကာသအတွင်းမှလာသော ထူးခြားသည့် ဆစ်ဂ်နယ် ကိုေ·

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s