Wow! ဆစ်ဂနယ်ရဲ့ အဖြေကို တွေ့တော့မလား

dnews-files-2016-04-wow-signal

“Wow” ဆစ်ဂနယ် လို့ လူသိများတဲ့ ဖြစ်ရပ်ဟာ ကျွန်တော်တို့ လက်တွေ့ကြုံဖူးသမျှ ရေဒီယိုလေ့လာမှုသမိုင်းမှာ အဟေဋိအဆန်ဆုံး ဖြစ်ရပ်ပဲဖြစ်ပါတယ်။ အာကာသအတွင်းတစ်နေရာကနေ ရေဒီယိုဆစ်ဂနယ်တစ်ခုကို ဖမ်းယူနိုင်ခဲ့ခြင်းဟာ အခြားဂြိုဟ်ကအသိညဏ်မြင့်သက်ရှိတွေ နဲ့ သက်ဆိုင်တဲ့ လေ့လာမှုတွေ၊ စိတ်ကူးယဉ်ဝတ္ထုတွေကို ဂယက်ထသွားစေပါတယ်။ ကျွန်တော်တို့ဟာ စကြဝဠာထဲက သက်ရှိတည်ရှိတဲ့ တစ်ခုတည်းသော နေရာလား။ ဒီဆစ်ဂနယ်က ဒီအခြင်းအရာကို သံသယပွားစေပါတယ်။ ဒီဆစ်ဂနယ်နဲ့ပတ်သက်တဲ့ အဖြစ်မှန်ကိုတော့ လာမယ့် ၂၀၁၇ ခုနှစ်မှာ ဖြေရှင်းနိုင်ပါတော့မယ်။

ဒီဖြစ်ရပ်ဟာ ၁၉၇၇ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်၊ ဂင်းနစ်စံတော်ချိန် ည ၁ဝနာရီ ၁၆ မိနစ်မှာ ဖြစ်ပေါ်ခဲ့ခြင်းပါ။ နက္ခဗေဒပညာရှင် ဂျယ်ရီ အယ်မန်း ဟာ ကြယ်သုံးလုံးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Chi Saggittarii ကို ရေဒီယိုတယ်လီစကုတ်နဲ့ ချိန်ထားထောက်လှမ်းနေပါတယ်။ ၇၂ စက္ကန့်ကြာမြင့်တဲ့ ရေဒီယိုလှိုင်းရရှိမှုပြီးတဲ့နောက်မှာတော့ အဆိုပါ ဆစ်ဂနယ်ဟာ အယ်မန်း ကို ဦးနှောက်ခြောက်စေပါတော့တယ်။ အယ်မန်းဟာ ဒီ ဆစ်ဂနယ် ကို ထုတ်ပြီးလေ့လာနေရာမှ အချို့သောနေရာတွေကို ဝိုင်းလိုက်ပြီး အံ့သြတာကြောင့် ထင်ပါရဲ့… Wow! လို့ ရေးလိုက်ပါတော့တယ်။

ဒီလို ဆစ်ဂနယ်မျိုးဟာ ရေဒီယိုနက္ခဗေဒပညာရှင် တွေ ရှာဖွေနေတဲ့ ဆစ်ဂနယ်တစ်မျိုးပါပဲ။ အသိညဏ်မြင့်မားတဲ့ သက်ရှိတွေကသာ ထုတ်လွှတ်နိုင်တယ်လို့ ယူဆနေခဲ့ကြတဲ့အတွက် ET ရှာဖွေမှုခြေလှမ်းဟာ အရမ်းကို သွက်ခါသွားပါတယ်။

အယ်မန်းဝိုင်းထားတဲ့ ကုဒ်တွေကတော့ “6EQUJ5” ရယ်၊ နောက်ထပ်ဂဏန်းနှစ်လုံးဖြစ်တဲ့ “6”နဲ့ “7”တို့ပဲဖြစ်ပါတယ်။ ဂဏန်း “1”ကနေ “9” ၊ စာလုံး A က နေ Z အထိကို ဆစ်ဂနယ်ရဲ့ ပြင်းအားကို ဖော်ညွှန်းဖို့ အသုံးပြုပါတယ်။ အခု အယ်မန်း ရရှိလိုက်တဲ့ ဒေတာအရ ဆစ်ဂနယ်ဟာ “6”အဆင့်ကနေပြီးတော့ လှိုင်းထိပ်အား U ကိုရောက်သွားတယ် ပြီးတော့ “5”ကို ရောက်သွားတာကို တွေ့ရပါတယ်။ ဒီအချက်ဟာ အရမ်းကို တည်ငြိမ်လွန်းတဲ့ ဆစ်ဂနယ်ဖြစ်တာကြောင့် အယ်မန်းက Wow! ဆိုပြီး ဝိုင်းပြသွားခြင်းပါ။

၁၉၇၇ ခုနှစ်မတိုင်ခင်အထိ ဒီလိုတည်ငြိမ်တဲ့ ဆစ်ဂနယ်မျိုးကို မတွေ့ဖူးခဲ့ပါဘူး။ ၁၉၈၄ ခုနှစ်၊ အာကာသတွင်းအသိညဏ်မြင့်သက်ရှိရှာဖွေရေးအဖွဲ့ဖြစ်တဲ့ SETI(Search for Extraterrestrial Intelligence) တည်ထောင်ပြီးတဲ့နောက်မှာလဲ သူတို့ဟာ ဒီလို ဆစ်ဂနယ်မျိုးကို ရှာဖွေတဲ့ ကြိုးစားမှုပေါင်းများစွာ လုပ်ခဲ့ပေမယ့် မတွေ့သေးပါဘူး။ ဖာမီ ရဲ့ နာမည်ကျော်မေးခွန်းဖြစ်တဲ့ သူတို့ဘယ်မှာလဲ(Where is everybody?!) ဆိုတာ ဆက်လက် တည်မြဲနေဆဲပါ။

အခုအခါမှာတော့ ဒီဖြစ်ရပ်ကို ဖြေရှင်းနိုင်ဖို့ နီးစပ်လာပါပြီ။ St Petersburg College, Fla. က အန်တိုနီယို ပဲရစ် ဟာ ဒီကိစ္စနဲ့ပတ်သက်တဲ့ အဖြေကို တွေ့နိုင်တော့မယ်လို့ ဂါးဒီယန်း နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ အဖြေကတော့ ထိုကြယ်အဖွဲ့အစည်းထဲကဖြစ်တဲ့ ဥက္ကာခဲနှစ်ခဲ 266P/Christensen နဲ့ 335P/Gibbs တို့ ဖြစ်နိုင်ခြေရှိပါတယ်။ ဒီဥက္ကာခဲတွေကိုတော့ ၂၀၀၆ နဲ့ ၂၀၀၈ မှာမှ အသီးသီးရှာဖွေတွေ့ရှိခဲ့ခြင်းပါ။ ဒါ့ကြောင့် ၁၉၇၇ ခုနှစ်တုန်းက သူတို့ တည်ရှိနေတာကို ဘယ်သူမှ မသိသေးလို့ ပဟေဋိအဖြစ်တည်မြဲနေခြင်းများလား။

ဒီဆစ်ဂနယ်ကို ကြိမ်နှုန်း ၁၄၅၀ မဂ္ဂါဟာ့ဇ် နဲ့ တွေ့ရှိခဲ့ခြင်းပါ။ ထိုအတိုင်းအတာဟာ စကြဝဠာအတွင်း သဘာဝ ဟိုက်ဒရိုဂျင်တွေက ထုတ်လွှတ်နိုင်တဲ့ အတိုင်းအတာဖြစ်နေပါတယ်။ ထို ဥက္ကာခဲတွေမှာ ဟိုက်ဒရိုဂျင်တွေဟာ ပေါလျှံစွာ ပါဝင်နေလေ့ရှိပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ဥက္ကာခဲ 266P/Christensen နဲ့ 335P/Gibbs တို့ဟာ ထိုနေရာကို ပြန်ရောက်လာဖို့ရှိပါတယ်။ ထိုအခါမှာတော့ ပဲရစ် ဦးဆောင်တဲ့ လေ့လာရေးအဖွဲ့ဟာ ထိုနေရာကို တယ်လီစကုတ်တွေနဲ့ ချိန်ထားပြီး စုံစမ်းပါလိမ့်မယ်။

ဒီပဟေဋိဟာ နှစ်ပေါင်း ၄၀ အကြာမှာတော့ အဖြေတွေ့နိုင်ချေရှိလာပါပြီ။ အယ်မန်း တွေ့ရှိခဲ့တဲ့ Wow! ဆစ်ဂနယ်ဟာ အခြားသက်ရှိတွေက လွှတ်ထုတ်လိုက်တာလား၊ ဥက္ကာခဲမှာပါတဲ့ ဟိုက်ဒရိုဂျင်တွေက ထုတ်လွှတ်လိုက်တာလား သိရှိရပါတော့မယ်။ ဖာမီ ပြောသလို သူတို့ ဘယ်မှာလဲ။ ကျွန်တော်တို့ဟာ စကြဝဠာထဲမှာ အထီးကျန်နေတဲ့သူတွေလား။ အဖော်တွေရှိသေးပါသလား။

Ref; Guardians

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s