ပြန့်ကားနေသော စကြဝဠာ

အကယ်၍ တစ်စုံတစ်ယောက်ဟာ တိမ်ကင်းစင်ပြီး လမရှိတဲ့ ညတစ်ညမှာ ကောင်းကင်ကြီးကို မော့ကြည့်လိုက်မယ်ဆိုရင် မြင်နေရတဲ့ အလင်းလက်ဆုံးအရာတွေကတော့ ဂြိုဟ်တွေဖြစ်တဲ့ ဗီးနပ်စ်(တင်္နလာဂြိုဟ်)၊ မားစ်(အင်္ဂါဂြိုဟ်)၊ ဂျူပီတာ(ကြာသပတေးဂြိုဟ်) နဲ့ စေတန်(စနေ) ဂြိုဟ်တို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နေလိုမျိုးကြီးမားလှတဲ့ ကြယ်ပေါင်းမြောက်မြားစွာဟာ ထိုကောင်းကင်ပေါ်မှာ ရှိနေပါသေးတယ်။ အရမ်းဝေးနေလို့ မမြင်ရတာပါ။ အနီးဆုံးကြယ်ဖြစ်တဲ့ Proxima Centauri ဟာဆိုရင် အလင်းနှစ် လေးနှစ် အကွာမှာရှိပါတယ်။ ဆိုလိုတာကတော့ သူ့ဆီက အလင်းဟာ ကျွန်တော်တို့ဆီကို ရောက်ဖို့အတွက် အချိန် လေးနှစ် ကြာတယ်။ နေဟာဆိုရင် အလင်းမိနစ် ၈ မိနစ် အကွာမှာ ရှိတဲ့ အနီးဆုံးကြယ်တစ်လုံးပေါ့။ ညညမှာ ကျွန်တော်တို့ မြင်နေရတဲ့ ကြယ်တွေအားလုံးဟာ ကျွန်တော်တို့ရဲ့ နဂါးငွေ့တန်းဂလက်ဆီ အတွင်းမှာ ရှိတဲ့ကြယ်တွေသာဖြစ်တယ်။

ကျွန်တော်တို့ အခု လက်ခံထားတဲ့ စကြဝဠာပုံစံဟာ ၁၉၂၄ ခုနှစ်မှာ နက္ခဗေဒပညာရှင် အဒ်ဝင်ဟာဘယ်လ် တင်ပြထားတဲ့ နမူနာအတိုင်းဖြစ်တယ်။ ဟာဘယ်လ် က ဘာပြောခဲ့သလဲဆိုရင် ကျွန်တော်တို့ ဂလက်ဆီဟာ တစ်ခုတည်းသော ဂလက်ဆီမဟုတ်ဘူး။ ကြားထဲမှာ ကြီးမားကျယ်ပြောလှတဲ့ နေရာလွတ်တွေခြားပြီးတော့ အခြားသော ဂလက်ဆီတွေ အများကြီး ရှိသေးတယ်လို့ ပြောကြားခဲ့တယ်။ ဒီလိုပြောတဲ့အတွက် သူဟာ ထို ဂလက်ဆီတွေရဲ့ တည်နေရာတွေကို တိုင်းတာပြရတော့မယ်။ သူဟာ သွယ်ဝိုက်တဲ့နည်းလမ်းတွေအသုံးပြုပြီးတော့ ထိုကြယ်စင်စုတွေရဲ့ အကွာအဝေးကို တိုင်းတော့တာပေါ့။ ကြယ်တစ်လုံးရဲ့ မြင်ရတဲ့အလင်းရောင်ဟာ အချက်နှစ်ချက်အပေါ်မူတည်တယ် — သူ့ရဲ့ အလင်းဖြာထုတ်နိုင်စွမ်း(Luminosity) နဲ့ သူဟာ ကျွန်တော်တို့ဆီက ဘယ်လောက်ဝေးတယ် စတဲ့ အချက်နှစ်ချက်အပေါ်မှာ မူတည်တယ်။ နီးလှတဲ့ကြယ်တွေအတွက်ဆိုရင်တော့ ကျွန်တော်တို့ဟာ သူ့ရဲ့ တောက်ပနိုင်စွမ်းနဲ့ အကွာအဝေးကိုသိတယ်။ ဒါ့ကြောင့်သူ့ရဲ့ အလင်းဖြာထုတ်နိုင်စွမ်းကို တွက်ထုတ်နိုင်တယ်။ ထိုနည်းလည်းကောင်းပဲ ဝေးလှတဲ့ကြယ်တွေရဲ့ အလင်းဖြာထုတ်နိုင်စွမ်းကို သိရင် ကျွန်တော်တို့ဟာ သူတို့ရဲ့ တောက်ပနှုန်းကိုကြည့်ပြီးတော့ သူတို့ရဲ့ အကွာအဝေးကို တိုင်းနိုင်တယ်။ ဟာဘယ်လ် ဟာ ဒီနည်းကို အသုံးပြုပြီးတော့ ဂလက်ဆီတွေရဲ့ အကွာအဝေးတွေကို တိုင်းတာခဲ့တယ်။

ကျွန်တော်တို့ရဲ့ ဂလက်ဆီဟာ အားကောင်းတဲ့ တယ်လီစကုတ်ကြီးတွေနဲ့ကြည့်ရင် မြင်ရမယ့် ဂလက်ဆီပေါင်း သန်းထောင်ချီတွေထဲက တစ်ခုသာဖြစ်တယ်။ ဂလက်ဆီတစ်ခုဆီမှာလဲ ကြယ်ပေါင်းဟာ သန်းပေါင်းရာချီပြီး ပါဝင်ပြန်တယ်။ ကျွန်တော်တို့ဟာ အလင်းနှစ် တစ်သိန်း ကန့်လန့်ဖြတ်အကွာအဝေးရှိတဲ့ ဂလက်ဆီအတွင်းမှာ နေထိုင်နေကြတယ်။ သူဟာ နှစ်သန်းပေါင်း ၂၈၀ ကြာတိုင်း တစ်ပတ်ပြည့်အောင် လည်တယ်။ ကျွန်တော်တို့နေဟာ သာမန် အရွယ်အစားရှိပြီး ဗဟိုကနေ အလင်းနှစ် သုံးသောင်းလောက်အကွာမှာ ဖြေးညည်းစွာလည်ပတ်နေတဲ့ အဝါရောင် ကြယ်တစ်လုံးသာ ဖြစ်တယ်။

အလင်းရောင်တစ်ခုကို သုံးမြောင့်ဖန်တုံးအတွင်းဖြတ်စေမယ်ဆိုရင် ရောင်စဉ်ပေါ်လာတယ်။ ဒီရောင်စဉ်ကို စတင်တွေ့ရှိခဲ့သူကတော့ နယူတန်ဖြစ်ပြီး သူကဒါကို Spectrum လို့အမည်ပေးခဲ့တယ်။ Spectrum မှာပါဝင်တဲ့အရောင်တွေကတော့ VIBGYOR(Violet, Indigo, Green, Yellow, Orange, Red) တို့ဖြစ်ပြီး လှိုင်းအလျား အတိုဆုံးကနေ အရှည်ဆုံးအထိ အစဉ်လိုက်ဖြစ်တယ်။ ကြယ်တစ်လုံးက လာတဲ့အလင်းကို သုံးမြောင့်ဖန်တုံးအတွင်းဖြတ်စေမယ်ဆိုရင် Spectrum ကိုရရှိမှာဖြစ်ပြီး အကြီးချဲ့ကြည့်ရင် အချို့သော အရောင်တွေဟာ ပျောက်ဆုံးနေတာကို တွေ့ရပါလိမ့်မယ်။ ဒီလို ပျောက်ဆုံးနေတဲ့ အရောင်တွေဟာလည်း ကြယ်တစ်ခုနဲ့တစ်ခု တူမှာ မဟုတ်ဘူး။ ဓာတုဒြပ်စင်တိုင်းဟာ တစ်စုံတစ်ရာ တိကျသော ရောင်စုံအစုအဝေးတွေကို ဆုတ်ယူတတ်တာဖြစ်သောကြောင့် ယခုပျောက်ဆုံးနေတဲ့ အရောင်တွေဟာ ထိုဓာတုဒြပ်စင်တွေကြောင့် ဖြစ်တယ်။ ဒါကြောင့်မို့ ကြယ်တစ်လုံးရဲ့ Spectrum ကိုပြောပြရင် ကျွန်တော်ဟာ ထိုကြယ်ထဲမှာ ဘာဓာတုဒြပ်စင်တွေပါနေသလဲ ဆိုတာ ပြန်ပြောပြနိုင်တယ်။

၁၉၂၀ ခုနှစ် ပတ်ဝန်းကျင်လောက်မှာ နက္ခဗေဒပညာရှင်တွေဟာ ကြယ်တွေဆီကလာတဲ့ Spectrum တွေကို ကြည့်ရှူလေ့လာခဲ့ကြရာမှ ထူးခြားတာတစ်ခုကို တွေ့ရှိခဲ့ကြတယ်။ ဒါကတော့ ယင်း Spectrum တွေက ပျောက်ဆုံးနေတဲ့ အရောင်စုတွေမှာ တူညီစွာ အနီရောင်ဘက်ကို စောင်းနေတာပါပဲ။ အနီရောင်ဘက်ကို တူညီစွာ စောင်းနေကြတယ်။ ဒီအခြင်းအရာကို ရှင်းပြဖို့အတွက် ကျွန်တော်တို့ဟာ ဒေါ့ပလာအကျိုး(Doppler Effect) ကို ဦးစွာနားလည်ဖို့လိုတယ်။

1

အလင်းရဲ့ လှိုင်းအလျားဟာ အလွန်တိုတယ်။ တစ်မီတာရဲ့ အပုံ ၁၀ သန်းပုံရင် ၄ ကနေ ၇ လောက်အတိုင်းအတာသာရှိတယ်။ ဒီကြားထဲမှာမှ ကျွန်တော်တို့ လူသားတွေဟာ အရှည်ဆုံးလှိုင်းအလျားအနေနဲ့ အနီရောင်က နေ အတိုဆုံးအနေနဲ့ အပြာရောင်အထိသာ မြင်နိုင်စွမ်းရှိတယ်။ ယခု အရာဝတ္ထုတစ်ခုကနေ ကျွန်တော်တို့ဆီကို အလင်းရောင်တွေ တောက်လျှောက်ဆိုသလို ထုတ်လွှတ်ပေးနေတယ်လို့ တွေ့မြင်လိုက်ပါ။ ထိုအရာဟာ ကျွန်တော်တို့ဆီနီးလာနေတယ်ဆိုရင် သူ့ရဲ့ အလင်းလှိုင်းအလျားများဟာ လှိုင်းထိပ်များဟာ ဖြည်းဖြည်းချင်း တိုလာပါတယ်။ အပြာဘက်ကို ရွေ့နေပါတယ်။ အလားတူပဲ အဲ့ဒီအရာဝတ္ထုဟာ အဝေးကို ရွေ့နေတယ်ဆိုရင် လှိုင်းထိပ်များဟာ အနီဘက်ကို ချဉ်းကပ်နေပါတယ်။ ဒီလှိုင်းအလျားနဲ့ အရာဝတ္ထုရဲ့ကြားက ဆက်သွယ်ချက်ကို ဒေါ့ပ်လာအကျိုး(Doppler Effect) လို့ခေါ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ နေ့စဉ်ကြုံတွေ့နေရတဲ့ အခြင်းအရာတစ်ခုပါ။ လမ်းမတစ်ခုမှာ ဖြတ်သွားနေတဲ့ ကားတစ်စီးကို စဉ်းစားကြည့်ကြရအောင်။ အဲ့ဒီကားဟာ ကျွန်တော်တို့ဆီ လာနေတယ်ဆိုရင် သူ့ရဲ့ အင်ဂျင်သံဟာ စူးနေပါတယ်။ ဆိုလိုတာကတော့ သူ့အသံဟာ High Pitch ပေါ့။ ဖြည်းဖြည်းချင်း သူဟာ ကျွန်တော်တို့ရှေ့ကကျော်သွားပြီး အဝေးကိုထွက်သွားမယ်ဆိုရင် အသံဟာ မစူးတော့ပဲ တိုးသွားပါတယ်။ Low Pitch ပေါ့။ ဒီနည်းအတိုင်းပဲ ရန်ကုန်မန္တလေးလမ်းမပေါ်မှာရှိတဲ့ အလျင်တိုင်းကိရိယာများဟာ သူတို့ဆီက ရေဒီယိုလှိုင်းကို ကားဆီ အရင်လွှတ်၊ ပြန်ကန်လာတဲ့ လှိုင်းကို တိုင်းပြီးတော့ သူ့ရဲ့ အမြန်နှုန်းကို တိုင်းတာပါတယ်။ ဒေါ့ပ်လာအကျိုးကိုပဲ အသုံးပြုထားတာပေါ့။

ထိုနှစ်ပိုင်းတွေမှာ ဟာဘယ်လ် ဟာ ကြယ်တွေရဲ့ Spectrum တွေကိုလေ့လာကြည့်ပါတယ်။ ဂလက်ဆီတွေကလာတဲ့ Spectrum တွေဟာ ရောက်တက်ရာရာတွေပဲဖြစ်ရမယ်လို့ တွေးထင်ခဲ့ပါတယ်။ အပြာဘက်ယိုင်တဲ့အလင်းတွေရှိသလို အနီဘက်ယိုင်တဲ့ အလင်းတွေလဲ ရှိမှာပေါ့။ ဒါပေမယ့် သူတကယ်တမ်း လေ့လာကြည့်တဲ့အခါမှာ အံ့အားသင့်ဖွယ်တွေ တွေ့ရှိခဲ့ပါတယ်။ သူကြည့်လိုက်မိသမျှ ဂလက်ဆီတွေဆီက အလင်းတွေဟာ အနီဘက်ကို အချိုးတူညီစွာ ယိုင်နေကြပါတယ်။ ဒီထက်ပိုပြီးအံ့သြဖွယ်ကောင်းတဲ့ အချက်ကတော့ ၁၉၂၉ ခုနှစ်မှာ Edwin Hubble ထုတ်ပြန်ခဲ့တဲ့ တွေ့ရှိချက်ပါပဲ — အနီယိုင်နေတာဟာ သူ့ဟာသူ ယိုင်ချင်တဲ့ပုံစံအတိုင်း ယိုင်နေကြတာမဟုတ်ပဲ အဲ့ဒီ ဂလက်ဆီ ရဲ့ အကွာအဝေးအပေါ် အချိုးညီညီ ယိုင်နေတာပါပဲ။ ပိုဝေးလေ အနီဘက် ပိုယိုင်လေပဲပေါ့။ တစ်နည်းအားဖြင့်ဆိုရင် ဂလက်ဆီ များဟာ ကျွန်တော်တို့ ဆီက ပိုဝေးလေလေ ပိုပြီး လျှင်မြန်စွာ အဝေးကို ပြန့်ကားနေလေလေ ဖြစ်နေပါတယ်။ ဒါကြောင့် စကြဝဠာကြီးဟာ အားလုံးထင်ခဲ့ကြသလို ပုံသေကားချပ် တစ်ခုမဟုတ်ပါဘူး။ ပြန့်ကားနေတာပါ။ ဂလက်ဆီတစ်ခုနဲ့ တစ်ခုကြားက အကွာအဝေးတွေဟာ အချိန်နဲ့ အမျှ ပိုမို ကြီးမားလာပါတယ်။

အခုလို စကြာဝဠာ ပြန့်ကားနေတယ်ဆိုတဲ့ တွေ့ရှိမှုဟာ ၂၀ ရာစု အတွက်ကော စကြဝဠာလေ့လာမှုသမိုင်းမှာကောပါ ခရာ ကျတဲ့ တွေ့ရှိမှု တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်ကို အရင်က လူတွေဟာ ဘာ့ကြောင့် သတိမထားမိခဲ့ကြသလဲဆိုတာ စဉ်းစားစရာပါပဲ။ နယူတန် အပါအဝင် အခြားသော သိပ္ပံပညာရှင်များဟာ အချိန်ကြာလာရင် ဆွဲငင်အားရဲ့ လွှမ်းမိုးမှုအောက်မှာ အရာအားလုံးဟာ စုစည်းပြိုပျက်သွားမယ်ဆိုတာကို အစောကြီးကတည်းက သတိပြုသင့်ခဲ့မိပါတယ်။ တကယ်လို့ ပြန့်ကားနှုန်းဟာလဲ အလွန်နှေးကွေးစွာရှိနေမယ်ဆိုရင် ဆွဲငင်အားအောက်မှာတင်ပဲ ပြိုပျက်သွားမယ်။ ပြန့်ကားနှုန်းဟာ အတိုင်းအတာတစ်ခုထက် ပိုပြီး လျှင်မြန်နေမယ်ဆိုရင်လဲ ဂလက်များဟာ နောက်ပိုင်းမှာ လွန်စွာဝေးကွာသွားပြီး စကြဝဠာကြီးတစ်ခုလုံး အေးခဲသွားနိုင်ပါတယ်။ ဒီအချက်ဟာ သင် ခဲလုံးတစ်လုံးကို မိုးပေါ်ထောင်ပစ်လိုက်တာနဲ့ ဆင်တူပါတယ်။ သင်ပစ်လိုက်တာဟာ အလျင်အနည်းငယ်ပဲရှိမယ်ဆိုရင်တော့ အမြင့်တစ်နေရာလောက်ကိုသာ မြောက်တတ်သွားပြီး အချိန်ကာလတစ်ခုမှာ အောက်ကို ပြန်ပြုတ်ကျလာပါလိမ့်မယ်။ တစ်ဖက်မှာလဲ ထိုခဲလုံးဟာ အလျင်တစ်စုံတစ်ရာထက် ပိုများခဲ့မယ်ဆိုရင်(တစ်စက္ကန့်ကို ၇ မိုင်နှုန်း) ကမ္ဘာ့ဆွဲငင်အားဟာ သူ့ကို အောက်သို့ ပြန်ဆွဲမချနိုင်တော့ပါဘူး။ ဒါ့ကြောင့် အဲ့ဒီ ခဲလုံးဟာ ကမ္ဘာ့လေထုထဲကနေ ထာဝရ ထွက်ခွာသွားပါလိမ့်မယ်။

အိုင်းစတိုင်းဟာလဲ သူ့ရဲ့ ယေဘုယျနှိုင်းရသီအိုရီကို တွက်ထုတ်ရာမှာ တစ်သတ်မတ်တည်း စကြဝဠာ အယူအဆ နဲ့ သာ တွက်ထုတ်ခဲ့ပါတယ်။ ဒီလိုဖြစ်စေဖို့လဲ သူဟာ သူ့ရဲ့ ညီမျှခြင်းတွေမှာ ကိန်းသေအချို့ကို ထည့်သွင်းပြခဲ့ပါတယ်။ အိုင်းစတိုင်းအပါအဝင် သိပ္ပံပညာရှင်အများစုဟာ တစ်သတ်မတ်တည်းမဟုတ်တဲ့ စကြဝဠာကို ရှောင်လွှဲဖို့ ကြိုးစားနေကြတဲ့အချိန်မှာ တစ်စုံတစ်ယောက်သောသူကတော့ တစ်သတ်မတ်တည်း စကြဝဠာအယူအဆဖြစ်တဲ့ ထို နှိုင်းရသီအိုရီကြီး ကို သဘောမတူခဲ့ပါဘူး။ သူကတော့ ရုရှားလူမျိုး ရူပဗေဒပညာရှင်နဲ့သင်္ချာပညာရှင်တစ်ယောက်ဖြစ်တဲ့ Alexander Friedmann ပါပဲ။

ဖရိဒ်မန်း ဟာ အရမ်းကို ရိုးရှင်းတဲ့ ယူဆချက်နှစ်ခုကို ထောက်ပြခဲ့ပါတယ်။ “စကြဝဠာ ဟာ မည်သည့် ဦးတည်ချက်ကိုပဲ ကြည့်ကြည့် တစ်ပုံစံတည်းသာဖြစ်တယ်” ဆိုတဲ့အချက်နဲ့ “ကျွန်တော်တို့ဟာ ဘယ်နေရာကပဲ စကြဝဠာကြီးကို လေ့လာလေ့လာ ဒီအချက်ဟာ မှန်ကန်နေမယ်” ဆိုတဲ့ အချက်ပါပဲ။ ဒီအိုင်ဒီယာ ၂ ခုကနေ စကြဝဠာဟာ တစ်သတ်မတ်တည်းမဟုတ်ဘူးလို့ ဖရိဒ်မန်းက ပြောလိုက်တာပါပဲ။ ဖရိဒ်မန်းဟာ ဟတ်ဘယ်လ် က စကြဝဠာပြန့်ကားတာကို မတွေ့ရှိခင် နှစ်များစွာကတည်းက ဟတ်ဘယ် တွေ့ရှိမှာကို ကြိုတင်ခန့်မှန်းခဲ့တာပါပဲ။

2.jpg

အခုဆို စကြဝဠာ ပြန့်ကားနေတဲ့ အချက်ဟာ အဘက်ဘက်က သက်သေပြပြီး မှန်ကန်တဲ့ အချက်တစ်ခုအဖြစ် သိပ္ပံလောက မှာ ရပ်တည်နေပါပြီ။ မဟာပေါက်ကွဲမှု(Big Bang) က စလို့ စကြဝဠာဟာ ယနေ့အထိ ပြန့်ကားလာနေတယ်ဆိုတာကိုလဲ COBE စတဲ့ နောက်ခံမိုက်ခရိုလှိုင်းများ ထောက်လှမ်းမှု၊ စတီဖန်ဟော့ကင်းနဲ့ ပန်ရို့စ် တို့ရဲ့ သီအိုရီများ၊ ပန်ဇိုင်းယပ်စ် နဲ့ ဝီလ်စင် တို့ရဲ့ ရေဒီယိုသတ္တိကြွမှု တွေ့ရှိချက်များ၊ စသည့် သက်သေပြချက်များနဲ့ အများအားလုံး လက်ခံထားကြပါတယ်။ စကြဝဠာ ဟာ အမှန်တစ်ကယ်အစရှိပြီး ဖန်ဆင်းခံထားရတာမဟုတ်ပါဘူး ဆိုတဲ့ အချက်ဟာလဲ ထင်ရှားလာပါပြီ။

Advertisements

2 responses to “ပြန့်ကားနေသော စကြဝဠာ

  1. Dear Authors, I really appreciate every contribution you have provided.
    I’m forever a big fan of yours.
    Dear Readers, if you are seeking any further elaboration, be advised to watch Cosmos: A Spacetime Odyssey.
    This will bring you a next step of evolution to your beliefs.

    Liked by 1 person

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s