ပေါင်းစပ်လို့ မရဖြစ်လာတဲ့ သိပ္ပံပညာ နဲ့ ဘာသာရေး

 

သိပ္ပံပညာရှင်တွေက သိပ္ပံဆိုတဲ့ ပညာဟာ အခြေကျနေပြီလို့ထင်ကြပါတယ်။ ကမ္ဘာတစ်ဝန်းလုံးပါပဲ။ သူတို့မှားပါတယ်။ သိပ္ပံဆိုတဲ့ပညာဟာ အခြေကျကျ ဖွံ့ဖြိုးနေပြီဆိုရင် ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေ ဖြစ်နေတော့မှာ မဟုတ်ပါဘူး။ သိပ္ပံပညာရှင်တွေ သုံးသပ်ထားသမျှအရတော့ စကြဝဠာကြီးဟာ နှစ်ပေါင်း ၁၃.၇ ဘီလီယံနှစ်၊ ကမ္ဘာကြီးဟာ ၄.၈ ဘီလီယံနှစ်၊ သက်ရှိတွေဟာ ၃ ဘီလီယံနှစ် သက်တမ်းရှိတယ်လို့သိရပါတယ်။ ဒါတွေဟာ သက်သေမရှိတဲ့ ယောင်ယမ်းဖော်ပြမှုတွေလား။ မဟုတ်ပါဘူး။ ဒီအရာတွေကို သင်ကြိုက်သလို မေးခွန်းထုတ်နိုင်သလို သင့်အတွက် စိတ်ကျေနပ်စေမယ့် အဖြေတွေကလဲ အမြဲတမ်းအသင့်ရှိနေပါတယ်။ သိပ္ပံပညာက ကြိုဆိုပါတယ်။ သက်ရှိတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ ဘီလီယံလောက်က စတင်ဖြစ်တည်လာပါတယ်။ အဲ့ဒီမှ တစ်ဖြည်းဖြည်း ရှုပ်ထွေးတဲ့ သက်ရှိတွေအဖြစ်ရှိလာရာ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်မျိုးဆက်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ သန်းကစလို့ ဖြစ်တည်လာပါတယ်။ ဒီနေရာမှ ကျွန်တော်ပြောစရာတစ်ခုရှိပါတယ်။ ကျွန်တော်တို့ဟာ ကျားတွေက ကြောင်မျိုးနွယ်စုဝင်တစ်ခုသာဖြစ်တယ်လို့ ပြောတဲ့အခါမှာ အားလုံးလိုလို လက်ခံကြပါတယ်။ ဒါပေမယ့် လူသားတွေဆိုတဲ့ Homo Sapiens မျိုးနွယ်စုတွေဟာ မျောက်တွေနဲ့ မျိုးနွယ်တစ်စုတည်းဖြစ်တယ်၊ မျောက်မျိုးနွယ်စုကပဲ ဆင်းသက်လာတယ်လို့ ဆိုလိုက်တဲ့ အခါမှာတော့ တော်တော်များများဟာ တုန်လှုပ်ကြပါတယ်။ လက်မခံနိုင်ကြပါဘူး။ သဘာဝတရားကြီးဟာ လူသားတွေရဲ့ အတ္တကို မျက်နှာလိုက်မပေးနိုင်ပါဘူး။ ကျွန်တော်တို့နဲ့ ပုံစံတူတဲ့ လူသားတစ်ယောက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀၀ လောက်ကစပြီး ကမ္ဘာပေါ်မှာ လမ်းလျှောက်ခဲ့ပါတယ်။

ဒါပေမယ့် ဒီအယူအဆဟာ အခြေမကျသေးပါဘူး။ သင်လဲ ဒီကိစ္စကို သံသယဝင်ကောင်း ဝင်နေနိုင်မှာပါ။ ကြိုဆိုပါတယ်။ ကျွန်တော်တို့ ရှေ့လျှောက် ဆွေးနွေးကြမယ့် အရာတွေမှာ သံသယဝါဒီဟာ ခရာကျပါတယ်။ မေးခွန်းများများထုတ်ပါ။ ရှေ့က သိပ္ပံပညာရှင်တွေ ဖော်ထုတ်ခဲ့တဲ့ အရာတွေကို မှားကြောင်း သက်သေပြပြီး ပိုမိုတိကျတဲ့ အမှန်တရားတစ်ခုကို ဖော်ထုတ်ပါ။ ဒီလိုလုပ်လို့ သင့်မှာ ဘာအပြစ်မှ မရှိပါဘူး။ ဒီလို အတွေးအခေါ်လွတ်လပ်မှုမျိုးကို တစ်ခြားနေရာမှာ တွေ့ဖူးပါသလား။ ဥပမာ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီကို မှားကြောင်းသက်သေပြနိုင်ရင် အိုင်းစတိုင်းက သင့်ကို ဒဏ်မခက်ပါဘူး။ ဆွဲငင်အားသီအိုရီကို လက်မခံရင်လည်း သင်ဟာ ငရဲမကျနိုင်ပါဘူး။ ပိုမိုမှန်ကန်တဲ့ အရာတစ်ခုကို သင်ဟာ လွတ်လပ်စွာခေါ်ဆောင်သွားခွင့်ရှိပါတယ်။ ဒီအရာကို သင်ဟာ သိပ္ပံပညာဆိုတဲ့ အရာမှာပဲ တွေ့ရှိနိုင်ပါတယ်။ ဘာသာရေးဆိုတဲ့အရာမှာ သင်တွေ့ဖူးပါသလား။ ကျွန်တော် အခုဆောင်းပါးမှာ အဓိကထားပြီး ရေးသားမယ့် အကြောင်းကတော့ ဒါပဲဖြစ်ပါတယ်။ သိပ္ပံ နဲ့ ဘာသာရေး။ သင်ပြတ်သားဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီအရာနှစ်ခုဟာ အခုလိုခေတ်ကာလမှာ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်လာလို့ပါပဲ။

ဥပမာအနေနဲ့ စပြောမယ်ဆိုရင် ဖန်ဆင်းရှင်ဝါဒီသမားတွေပဲဖြစ်ပါတယ်။ သူတို့က သူတို့ကိုယ်သူတို့ သိပ္ပံနည်းကျ ဖန်ဆင်းရှင်ဝါဒီသမားတွေလို့ ဆိုပါတယ်။ သူတို့ရဲ့ အင်အားဟာလဲ အခုဆို တစ်နေ့တစ်ခြား ကြီးပွားလာပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ သိပ်မဟုတ်ပါဘူး။ ခရစ်ယာန်သာသနာထွန်းကားတဲ့ အနောက်နိုင်ငံတွေမှာပဲဖြစ်ပါတယ်။ အစိုးရစာသင်ကျောင်းတွေမှာ သူတို့ရဲ့ ဖန်ဆင်းခြင်းအကြောင်းကို သင်ကြားဖို့ ဖိအားပေးကြတယ်။ မှားယွင်းနေတဲ့ ပညာရပ်တစ်ခုကို အပြစ်မဲ့တဲ့ ကလေးငယ်တွေရဲ့ ပညာသင်စာအုပ် သင်ရိုးမှာ တွေ့ရမှာ ဘယ်လောက်တောင် စိတ်ဓာတ်ကျစရာကောင်းလိုက်ပါသလဲ။ ကလေးငယ်ဆိုတာဟာ အပြစ်မဲ့ပါတယ်။ သူ့မှာ မှန်ကန်တဲ့ သဘောတရားတွေကို သင်ယူဖို့ အခွင့်အရေးရှိပါတယ်။

သိပ္ပံပညာကို အဓိကထားလေ့လာတဲ့ သူတွေအဖို့တော့ ဖန်ဆင်းခြင်းဝါဒီဟာ အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ ကျွန်တော်တို့ဟာ ခေတ်ဆိုးကို ပြန်ဆွဲနေသလိုလို၊ ကမ္ဘာဟာ စကြဝဠာလောကရဲ့ ဗဟိုမှာတည်ရှိနေတယ်ဆိုတဲ့ အယူဝါဒအဟောင်းတစ်ခုကို ပြန်လည်အသက်သွင်းနေသလိုလို၊ ကျွန်တော် တကယ်ခံစားနေရပါတယ်။

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s