ရေအေးနှင့် ရေနွေး ရောသောက်လျှင် ဗိုက်နာနိုင်လား

မနက်စောစော ကျွန်တော်တို့ Coffee သောက်ချင်ပြီဆိုရင် ပထမဆုံး လုပ်လိုက်ကြတာက ရေနွေးအိုး ခလုတ်နှိပ် လိုက်တာပဲ။ ကမန်းကတမ်း သွားရမယ့်အချိန်မှာ ကျိုက်ကျိုက်ဆူနေတဲ့ ရေနွေးနဲ့ ဖျော်ထားတဲ့ Coffee ပူပူကို အမြန်သောက် ဖို့ဆိုတာ တခါတရံ ဝန်လေးစရာဖြစ်နေပါတယ်။ ဒီတော့ သကြားပျော်အောင် ဖျော်ပြီးရင် ရေအေးနဲ့ ရောသောက်လေ့ ရှိကြတယ် မဟုတ်ပါလား။ နောက်ဥပမာပေးရရင်၊ အခုခေတ်မှာ Water Cooler စက်တွေ ပေါ်ထွက်လာတဲ့အခါ၊ ရေအပူချိန်ကို အမျိုးမျိုး ရအောင် ရေနွေး ရေအေး ရောသောက်ကြတယ် မဟုတ်လား။ အဲဒီ့လို ရေနွေးနဲ့ ရေအေးကို ရောသောက်ပြီဆိုတိုင်း ကျွန်တော်တို့ ခေါင်းထဲကို ရှေးရိုးစဉ်လာ မှားယွင်းယုံကြည်ချက်တစ်ခုက လာသတိပေးတယ်။ ရေအေးနဲ့ ရေနွေး ရောပြီး သောက်ရင် ဗိုက်နာနိုင်ပါတယ်တဲ့။ ဒါကို ထပ်ကွန့်မြူးတဲ့ဟာကတော့၊ ရေအေးနဲ့ ရေနွေး ‘ဓာတ်ပြုမှု’ ဖြစ်လို့ ဗိုက်နာတယ်ဆိုတာပါပဲ။

12235100_448545305269949_3323104351210688785_n
ရေဟာ နွေးသည်ဖြစ်စေ အေးသည်ဖြစ်စေ၊ အဲဒီ ရေက တစ်မျိုးတည်းပါ။ ရေအေးနဲ့ ရေနွေးရောရင်၊ ဓာတ်ပြုနိုင်ပါသလား။ ဟုတ်ကဲ့… ‘ဓာတ်ပြု’ပါတယ်။ သို့ပေမယ့် ဓာတုဗေဒနည်းနဲ့ ဖြစ်တဲ့ ဓာတ်ပြုခြင်း (Chemical Reaction) မဟုတ်ပါဘူး။ ရေနွေးမှာ အပူစွမ်းအင် ပိုများတယ်။ ရေအေးမှာ အပူစွမ်းအင် အရမ်းနည်းတယ်။ သူတို့နှစ်ခုကို ရောလိုက်ရင်၊ ရေနွေးထဲက အပူစွမ်းအင်ကို ရေအေးက စုပ်ယူသွားပြီး၊ သူတို့နှစ်ခုလုံးရဲ့ အပူစွမ်းအင်က ရောထားတဲ့ ရေထဲမှာ အညီအမျှ ပျံ့နှံ့သွားပါတယ်။ ဒါကြောင့် ရေရဲ့ အပူချိန်က အလွယ်တကူ သောက်လို့ရတဲ့ အဆင့်ကို မြန်မြန် လျော့ကျသွားတာပေါ့။ ဒါပေမယ့် ဒီဖြစ်စဉ်က ကော်ဖီတစ်ခု ဒီအတိုင်းထားလို့ အေးသွားတာမျိုးကို မြန်အောင် လုပ်ပေးသလောက်ပဲ ရှိတာပါ။ အဲဒီ့ထက် ပိုပြီး ဓာတ်ပြုမှု ဖြစ်စရာ အကြောင်း မရှိပါဘူး။
.
အစွဲအလမ်းရဲ့ ဖြစ်နိုင်ချေရှိတဲ့ အရင်းအမြစ်ကတော့ ဟိုးရှေးခေတ် ရေသန့်လုပ်ငန်းတွေ မရှိသေးတဲ့ ကာလတွေက ကြုံရတဲ့ အခက်အခဲတွေ ဖြစ်နိုင်ပါတယ်။ ရေသန့်လုပ်ငန်းမရှိခင်တုန်းက မြစ်ရေ၊ ကန်ရေ၊ တွင်းရေတွေကို အသုံးပြုရတဲ့အခါ ရေကို သန့်ရှင်းအောင် ကျိုချက်ပစ်ရပါတယ်။ ဒါကြောင့် ကျိုက်ကျိုက်ဆူအောင် ကျိုထားတဲ့ ရေနွေးကို သောက်ရင် ပိုးမွှားတွေ သေပြီး ဖြစ်လို့ အန္တရာယ်ကင်းပေမယ့်၊ မကျိုချက်ရသေးတဲ့ ရိုးရိုးရေနဲ့ ရောသောက်လိုက်ရင်တော့၊ ပိုးမွှားတွေ ပြန်ပါလာမှာ ဖြစ်လို့ ဗိုက်နာ ဝမ်းလျှောနိုင်ပါတယ်။ ဒါကြောင့် ကျိုချက်ပြီးသား ရေနွေးနဲ့ ရိုးရိုးရေ ရောမသောက်ရဘူးဆိုတဲ့ အစွဲအလမ်း ဖြစ်ပေါ်လာတာ ဖြစ်လိမ့်မယ်။ နောက်အခါမှာတော့ အဲဒီ့ အစွဲအလမ်းကနေ၊ ရေနွေးနဲ့ ရေအေး သို့မဟုတ် ရေခဲရေ ရောသောက်ရင် ဗိုက်နာပါတယ်လို့ အသွင်ပြောင်း ရွေ့လျောလာခဲ့ဟန် တူပါတယ်။
.
ပုံ – ရေနွေးနဲ့ ရေအေး ရောလိုက်ရင် ဖြစ်လာမယ့် အန္တရာယ်ရှိသော ‘ဓာတ်ပြုမှု’ကြီး – (အပူစွမ်းအင် ပျံ့နှံ့၍၊ ရောပြီးရေ၏ အပူချိန် လျော့ကျခြင်း)

~ Kyaw Zwar Lynn

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s